Ep.37

495 64 19
                                    

That's Our Destiny
~~~~~

Seung Wan သူမကိုအိပ်ရာပေါ်ကိုပွေ့တင်နေ
သလိုခံစားမိတဲ့အခါ Ju Hyun မျက်လုံးကိုဖြည်း ဖြည်းချင်းဖွင့်ကြည့်လိုက်သည်။

Seung Wan သူမကိုစူးစိုက်ကြည့်ရင်းမျက်နှာ
ပေါ်ကိုကျနေတဲ့ဆံစလေးတွေကိုသပ်တင်လိုက်ကာ

"Hey ကိုယ်မင်းကိုနိုးအောင်လုပ်လိုက်မိပြီ။ မင်း
ကိုကြည့်ရတာပင်ပန်းနေတဲ့ပုံပေါ်နေလို့သက်တောင့်
သက်သာအိပ်လို့အောင်လုပ်လိုက်တာ။ အခုဘယ်လို
နေသေးလဲသက်သာပြီလား?"

Ju Hyun နှုတ်ခမ်းကိုက်ရင်းခေါင်းညိမ့်လိုက်ကာ ခုနတုန်းကဖြစ်ပျက်ခဲ့တာတွေအတွက်ရှက်နေမိသည်။

"Seung Wan-ah~ ခုနကကိစ္စအတွက် ငါ တောင်းပန်..."

Seung Wan ခေါင်းခါရင်းခုတင်စွန်းမှာထိုင်လိုက်
ကာ Ju Hyunမျက်နှာလေးကိုတယုတယပွတ်သပ်
ရင်း

"ကိုယ်တို့အတွက်ပျော်စရာအချိန်ရောစိတ်ညစ်စရာအ
ချိန်ရောရှိမှာပဲလေ။ ဘာကိစ္စပဲဖြစ်နေနေကိုယ်မင်းကို
အမြဲတမ်းချစ်နေမယ်ဆိုတာမင်းသတိရပေး။ အဲ့ကိစ္စနဲ့
ပတ်သတ်ပြီးတော့ကိုယ့်အပေါ်သံသယမရှိနဲ့"

သူမ Seung Wanကိုသူမရင်ထဲကစကားတစ်ခွန်း
ကိုပြောလိုက်ချင်သည်။ သူမအခု Seung Wan
ကိုဘယ်လောက်တောင်ကြွေနေပြီဆိုတဲ့စကားပေါ့။

သူမရဲ့Byuntae ဘီဒိုထဲမှာထည့်ထားတဲ့စမ်းသပ် ကိရိယာလေးအကြောင်းကိုလည်းပြောပြချင်သည်။
သူမသာတကယ်ကိုယ်ဝန်ရှိနေပြီဆိုရင်Seung Wan ပျော်ပါ့မလား? စိတ်များဆိုးသွားမလား?

Seung Wan ပြုံးရင်းသူမနဖူးကိုနမ်းလိုက်ကာ

"Baby ဗိုက်ဆာနေတော့မှာပဲ။ ဒီမှာပဲနေပြီးနားနေ
လိုက် okay! ကိုယ်မင်းစားဖို့တစ်ခုခုယူလာမယ်"

Seung Wanပြောပြီးထဖို့လုပ်လိုက်ပေမယ့်လည်း
Ju Hyun ကသူ့လက်ကိုကိုင်ပြီးတားလိုက်သည်။

Seung Wan သူမကိုတအံ့တသြနဲ့ကြည့်လိုက်
ကာ

"ဘာဖြစ်လို့လဲ baby?"

That's Our DestinyWhere stories live. Discover now