Ep.15

901 64 5
                                    

That's Our Destiny
~~~~~

"Ju Hyun.."

Ju Hyun သူနဲ့ရင်းနှီးနေတဲ့အသံကြားတော့နောက်
ပြန်လှည့်ကြည့်လိုက်သည်။

Seung Wan သူမကိုမျက်တောင်မခတ်ပဲကြည့်နေ
ပြီးရင်ထဲမှာတော့စိတ်သက်သာသလို..သူ့ကိုယ်သူအရူး တစ်ယောက်လိုခံစားနေရပြီးဝမ်းလည်းဝမ်းနည်းမိသည်။

Ju Hyun သူ့ဆီကနေထွက်ပြေးသွားပြီလား..သူ့ကို ထားများသွားပြီလား...သူ Ju Hyun ကိုလက်လွှတ်
ဆုံးရှုံးရတော့မှာလား...ဆိုတဲ့အတွေးပေါင်းစုံနဲ့ဒီနေ့က
တော့သူ့ဘဝအတွက်ကြောက်စရာအကောင်းဆုံးအချိန်
တွေဖြစ်ခဲ့သည်။

ဒါပေမယ့် Ju Hyun ကထွက်မပြေးဘဲဒီမှာရှိနေပြီး ဂါဝန်အဖြူလေးနဲ့အရမ်းလှနေကာသူ့ကိုဒီလိုရုတ်တ
ရက်တွေ့လိုက်ရတော့အရမ်းပျော်ပြီးပြုံးပြနေသည်။

"Eh? Seung Wan?"

သူမ Seung Wan ကိုခေါင်းအစခြေအဆုံးကြည့်
လိုက်သည်။

Seung Wan ကသူ့ရဲ့အလုပ်မှာဝတ်တဲ့ shirtနဲ့ ဘောင်းဘီကိုပဲဝတ်ထားပြီးအပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်ထားကာ သူ့ Necktie နဲ့ coat ကိုတော့ကား နောက်ခန်းမှာပစ်ထားသည်။

Seung Wan ပုံကအရမ်း Handsome ဖြစ်နေ
ပြီး Ju Hyun ရင်တွေတလှပ်လှပ်ခုန်လာသည်။

အခုတလောသူ Seung Wan ကိုမြင်လိုက်တိုင်း
သူ့နှလုံးကဒီအတိုင်းပဲတလှပ်လှပ်ခုန်နေတာ။

"ဒီမှာဘာလုပ်နေတာလဲ?"

Seung Wan ကတော့နေရာကနေတစ်ချက်လေး
တောင်မရွေ့ပဲ Ju Hyun ကိုကြည့်နေသည်။

Seung Wan ရဲ့ပုံစံက Ju Hyun ကိုသူ့ cafe
ဆိုင်ကကားပါကင်မှာသူတို့နှစ်ယောက်ကံကြမ္မာကဆုံခွင့်
ပေးခဲ့တဲ့ညကိုအမှတ်ရသွားစေသည်။

"ကိုယ်ကမင်းထွက်…"

Ju Hyun မျက်တောင်ခတ်လိုက်ကာ

"ထွက်…?"

"ထွက်ပြေးသွားပြီထင်လို့။ ကိုယ့်ဆီကနေ..Paris
ကို"

That's Our DestinyWhere stories live. Discover now