1

26K 854 20
                                    

တီ..တီ..တီ..တီ...တီ...

ဖြာကျလာတဲ့​နေ​ရောင်​ခြည်​နဲ့အတူနိုးစက်​အသံ​ကြောင့်
နိုးနိုးခြင်းသတိရမိတာက....ဒီ​နေ့ကျွန်​​တော်​တို့ရဲ့ချစ်​သူသက်​တမ်း၉လပြည့်​..
Alarm ကိုပိတ်​..​အိပ်ယာမှထကာေ​ရချိုးမည်​အလုပ်​...

တင်​...

Jungkook ဆီက..

"ကိုယ်​ဒီ​နေ့မနက်​လာမ​ခေါ်နိုင်​​တော့ဘူး..​စောင့်​မ​နေနဲ့​တော့..​ကျောင်း​ရောက်​မှ​တွေ့မယ်​​နော်​...taehyung.."

အထူးအဆန်းမဟုတ်​​တော့တဲ့အ​ခေါ်အ​ဝေါ်နဲ့ထိုmessage ကိုကြည့်​ကာသက်​ပြင်းချမိသည်​...ဒီလလည်းမမှတ်​မိပြန်​ဘူးထင်ပါရဲ့

"ဟာကွာ..ဘာစိတ်​ညစ်​စရာရှိလဲtaehyung..အရင်​ကလည်းသူဒီလိုဘဲဟာကို...အခုမှဘာဖြစ်​​နေတာလဲ.."

ရေချိုးခန်းထဲဝင်​ကာ​ရေကိုစိမ်​​ပြေန​ပြေချိုးပြစ်​လိုက်​သည်​..​ရေချိုးပြီးမှစိတ်​ထဲ​ပေါ့သွားသလိုလို...ထို့​နောက်​​ကျောင်းသွားရန်​ပြင်​ဆင်​ကာ​အောက်​သို့ဆင်းလာခဲ့သည်​..
မီးဖို​ချောင်​ထဲဝင်​သွား​တော့ထုံးစံအတိုင်းကျွန်​​တော့ရဲ့တဦးတည်း​သောhyung..မိဘ​တွေဆုံးသွားပြီးကတည်းကကျွန်​​တော့ကို​စောင့်​​ရှောက်​​ပေးခဲ့တဲ့hyung...

"နိုးတာကြာဘီလား...yoongi hyung"

"မကြာ​သေးပါဘူးကွာ..ငါလည်း​စောနကမှနိုးတာ.."

"​အော်​...ကျွန်​​တော်​သွား​တော့မယ်​​နော်​.."

"ဟာ..မနက်​စာစားမသွား​တော့ဘူးလား..taehyung"

"ဟင့်​အင်း..hyung..ကျွန်​​တော်​​ကျောင်းမှာဘဲစား​တော့မယ်​.."

"​အော်​...jungkook ​စောင့်​​နေတယ်​ထင်တယ်​...​အေး..သွား..သွား."

Hyung ကပြုံးစိစိဖြင့်​​ပြော​လေ​တော့ကျွန်​​တော်​လည်းဘာမှဆက်​မ​ပြောဖြစ်​​တော့...

Jungkook...ကျွန်​​တော်​မိဘ​​တွေဆုံးပြီးတဲ့​​​နောက်​hyung နဲ့အတူ Daegu က​​နေseoul ကိုတက်လာပြီး​jimin တို့​ကျောင်းကိုစ​ပြောင်းတဲ့ဒုတိယနှစ်​မှာစ​တွေ့ခဲ့တယ်​...ကျွန်​​တော်​သူတို့ေ​ကျာင်း​ပြောင်းလာပြီးတပတ်​​လောက်​​နေ​တော့သူ့အ​ကြောင်းကိုစကြားရ​တော့တာဘဲ.​ကောင်မ​​လေး​​တွေနဲ့ထည်​လဲတွဲတဲ့​playboyဆိုဘဲ...
ကိုကိုယ်​တိုင်​လည်းဘယ်သူမှဂရုတစိုက်မရှိ​တော့စိတ်​မဝင်​စား​လောက်​ဘူးလို့ထင်​ခဲ့​ပေမယ့်​..ထိုအ​ကောင်​အားမြင်​မြင်​ချင်းချစ်​မိသွားခဲ့သည်​...ခံစားချက်​ကို​ဖော်​ပြတတ်​တဲ့သုူမဟုတ်​​သော​သော​ကြောင့်​ကို့သူငယ်​ချင်းjimin​တောင်​မသိခဲ့...သူ့ရဲ့မ​ကောင်း​ကြောင်း​တွေကိုကြားခဲ့တာ​တောင်​လျှစ်​လျူရှုပစ်​ခဲ့တယ်​..ချစ်​တဲ့စိတ်​တခုတည်းနဲ့..​နောက်​​တလ​လောက်​​နေ​တော့သူ့ဘက်​ကစဖွင့်​​ပြောခဲ့တယ်​​လေ...မြင်​မြင်​ချင်းချစ်​မိခဲ့ပါတယ်​ဆိုပြီး​တော့...အဲ့တုံးကkim taehyung တို့အ​ပျော်​လွန်​ချက်​မြင်​မ​ကောင်းဘူး..စက်​ဘီးပါ​မှောက်​တယ်​..နှစ်​ရက်​​လောက်​လမ်းမ​လျှောက်​နိုင်​ခဲ့ဘူးရယ်​...

only him..[Complete]Where stories live. Discover now