35

6.2K 500 28
                                    

ဆွဲထားတဲ့လက်​ကိုဘယ်​​တော့မှပြန်​လွှတ်​မှာမဟုတ်​တာ​ကြောင့်​ရုန်းထွက်​ရင်​ပိုနာကျင်​ရလိမ့်​မယ်ဆိုတာမှတ်​ထား​ပေးပါ..
_
_
_
_
_
_
_
_
_
_
Taehyung ဘယ်​​ကို​ပြေးထွက်​လာမိမှန်းမသိ ဘယ်​​ရောက်​​နေပြီးမှန်းလည်းမသိ​တော့ပါ..တာကျိုးသလိုထိန်းမနိုင်​သိမ်းမရစီးကျ​နေ​သောမျက်​ရည်​များကိုလက်​ဖြင့်​ခပ်​ကြမ်းကြမ်းဖယ်​ထုတ်​​နေ​သော်​လည်းမျက်​ရည်​ကထပ်​ကျရုံမှအပ..အသက်​ရှူမဝချင်​သလိုဖြစ်​လာ​သော​ကြောင့်​နံရံအကွယ်​တခုကိုမှီကာထိုင်​ချလိုက်​ရသည်​..

ဘယ်​နား​ရောက်​​နေပြီလည်း​ဝေ့ဝဲကြည့်​​တော့ဒီနား​တွေသူသိပ်​မသိ..ဖိနပ်​မပါပဲ​ပြေးလာမိသည်​မို့​ခြေ​ထောက်​ကလည်းနီရဲ​နေပြီဖြစ်​သည်​..ဖုန်းလဲကျန်​ခဲ့တာမို့jimin တို့ကိုဖုန်းဆက်​၍လည်းမရ..

"နင်​ခန​လောက်​​ရှောင်​​ပေးလို့ရမလား ငါနဲ့ jungkook နဲ့က ​စေ့စပ်​ပွဲ ကိစ္စ​ပြောစရာ​လေးရှိလို့"

ပြန်​ကြား​ယောင်​လာ​သောထိုစကားနဲ့အတူတုန်​လှုပ်​သွားခဲ့တဲ့jungkook မျက်​နှာ​ကိုပြန်​မြင်​​ယောင်​ကာအသက်​ရှူတာပါပိုကြပ်​လာသလိုခံစားရသည်​..

"ဘာလို့လဲ..ဘာလို့ငါ့ကိုမှလဲ..?"

ဒူးနှစ်​ဖက်​ကိုလက်​ဖြင့်​ပို၍တင်းကြပ်​စွာဖက်​ကာရှိုက်​ကြီးတငင်​ငိုမိသည်​...အခုအချိန်​တွင်​ရင်​ဘက်​ကြီးကို​ဖြေသိမ့်​ရန်​တခုခုလိုအပ်​သည်
.
.
.
"​ကျေးဇူးပြုပြီး ph ​လေးပဲဖြစ်​ဖြစ်​ကိုင်​​ပေးပါ သဲငယ်​ ​ကျေးဇူးပြုပြီး"

ဖုံးကိုကျစ်​ကျစ်​ပါ​အောင်​ကိုင်​ကာထပ်​ခါထပ်​ခါ​ပြော​နေမိသည်​..taehyung ကိုလိုက်​ရှာ​နေသည်​မှာ​တော်​​တော်​နှံ့​​နေပြီဖြစ်​သည်​..ချစ်​သူတ​ယောက်​အ​နေနှင့်​သွားတတ်​တဲ့​နေရာ​လေး​တွေ​တောင်​မှမသိတဲ့ကိုယ့်​ကို ကိုလည်းစိတ်​တိုမိသည်​..က​နှောင့်​ကစပြသနာဖြစ်​တိုင်းကိုယ့်​​ကြောင့်​ကြီးပဲဆို​ပေမယ့်​taehyung ထပ်​ပြီးသူ့ကိုယ့်​သူအပြစ်​တင်​မှာကိုပိုစိုးရိမ်​မိသည်​..

လက်​ဖြင့်​ခပ်​ကြမ်းကြမ်းဆွဲပွတ်​ကာစိတ်​ကိုငြိမ်​​အောင်​ထားလိုက်​သည်​..

only him..[Complete]Where stories live. Discover now