19

7K 611 18
                                    

မှားတယ်​ဆိုတာကိုသိသွားပြီးတဲ့​နောက်​...
အမှန်​ကိုပြန်​ပြီဖို့​တောင်​အချိန်​မမှီခဲ့ဘူး...
ဒါ​ပေမယ့်​​နောက်​ကျသွားပြီဆိုတာမျိုးလည်းမဟုတ်​ဘူး...
ဒါ...​မျှောင့်​လင့်​ချက်​ရှိသးတယ်​ဆိုတဲ့သ​ဘော...
-
-
-
-
-
-
-
-
-
စီးဆင်းသွားတဲ့​ရေ​တွေကိုမျက်​စိတဆုံးလိုက်​ကြည့်​​နေမိသည်​...တခါတ​လေလည်းလူဖြစ်​​နေရတာဟာဝဋ်​တခုလိုဘဲ...အရာဝတ္ထု​တွေ..သက်​မဲ့​တွေက...သက်​ရှိ​တွေထက်​ပိုသာတဲ့ဘဝကိုရရှိထားတယ်​..ဒါကိုယ်​ခံယူထားတဲ့ရူး​ကြောင်​​ကြောင်​ခံယူချက်​..
ဒီဘဝနဲ့ဒီဝဋ်​​ကျွေး​တွေကိုကုန်​ဆုံးသွား​အောင်​ခန ခန ကြိုးစားဖူး​ပေမဲ့..ခံရမယ့်​ဝဋ်​​တွေကတတုံးတခဲကြီးကျန်​​နေ​သေးတယ်​ထင်​ပါရဲ့...ကိုယ်​ကိုတိုင်​နာကျင်​သွားတာကလွဲပြီးဘာမှဖြစ်​မလာခဲ့ဘူး...
ငါလည်းဝဋ်​​ကျွေး​တွေကုန်​ချင်​နေပြီ..jungkook...

"TAETAE!!"

ရေစီး​ချောင်းကြီးကိုမှိုင်​မှိုင်​ကြီးကြည့်​​နေတဲ့taehyung ကိုhoseok လှမ်း​ခေါ်လိုက်​သည်​...

"Taetae ဒီမှာဘာလုပ်​​နေတာလဲ...ကျွန်းပတ်​​လေ့လာဖို့လူ​တွေ​ခေါ်​နေပြီ..."

"အင်း..ဟုတ်​လား..ဒါဆိုသွားမယ်​​လေ.."

"အမ်​...အင်း..အင်း.."
.
.
.
.
.
"အင်း...​ခေါင်းကိုက်​လာပြန်​ပြီ"

ကျွန်းပတ်​​လေ့လာတာကိုလိုက်​သာသွားတာဘယ်လိုပြီးသွားမှန်းမသိ....လူကအားမရှိသလိုခံစား​နေရ​သော​ကြောင့်​​နောက်​ဆက်​တွဲ activities ​တွေကိုဆက်​မလုပ်​​တော့ဘဲtent ကိုသာပြန်​လာ​နေလိုက်​သည်​...ကျွန်းပတ်​​လေ့လာတာကလည်းဘာ​တွေဘယ်​လိုဖြစ်​သွားမှန်းမသိ...jungkook ကိုလည်းမျက်​နှာချင်းမဆိုင်​ချင်​တာမို့​ရှောင်​​နေရတာ​ကြောင့်လည်းပါသည်​...

သူ့အ​ကြောင်း​တွေးလျှင်​​ခေါင်းပိုကိုက်​လာသလိုခံစားရ​သော​ကြောင့်​လဲအိပ်​ပလိုက်​သည်​...​သေချာပြန်​စဉ်းစားကြည့်​​တော့...​​စောနကjungkook နဲ့စကားများ​နေတုန်းကသူမျက်​ရည်​ဝဲ​နေသလားလို့..ဟင်​..မဟုတ်​ဘူး..​သေချာ​ပေါက်​ကိုမျက်​ရည်​ဝဲ​နေတာ...ဘာဖြစ်​လို့လဲ?​ငါ​ပြောတာလွန်​သွားလို့​ဒေါသဖြစ်​​နေတာများလား?မဆိုင်​တာ...ဒီတ​ခေါက်​ကသူမှားတာ​လေ...ငါ​ပြောလိုက်​တာလွန်​သွားလို့လား..?

only him..[Complete]Where stories live. Discover now