22

6.9K 606 6
                                    

အ​မှောင်​ထဲကိုများမင်းကိုဆွဲ​ခေါ်​နေသလိုဖြစ်​နေလား...?အာ..ဒါဆိုငါ့လက်​ကိုကိုင်​ထား...
မင်းကအ​မှောင်​​ကြောက်​တယ်​မို့လား...
-
-
-
-
-
-
-
-
-
ကုတင်​​ပေါ်တွင်​​ဖျော့​လျှော့စွာအိပ်​​ပျော်​​နေ​သောtaehyung ကိုကြည့်​ကာjin သက်​ပြင်းချမိသည်​....jungkook ကသူပြန်​သွားပြီးခနအကြာဖုန်းပြန်​ဆက်​လာတာမို့jin မှာစိတ်​ပူပြီးအူယားဖားယားပြန်​​ပြေးရသည်​..
Jin နား​နေ​ဆောင်​ကိုပြန်​​ရောက်​လာ​တော့jungkook က taehyung ကိုဂရုစိုက်​​ပေးပါ တခွန်းထဲ​ပြောပြီးတခြားဟာဘာမှမ​ပြော..​မေး​တော့​လည်းမ​ဖြေ...မျက်​နှာ​သေကြီးနှင့်​သာထိုင်​​နေသည်​...အခန်းထဲဝင်​သွား​တော့taehyung ကငို​နေသည်​မို့ပိုစိတ်​ပူရပြန်​သည်​...​ခြေ​ထောက်​ပြန်​နာလို့လား..​ဒါမှမဟုတ်​​ခေါင်းပြန်​ကိုက်​​နေလို့်လား​မေး​တော့​ခေါင်းပဲခါကာငို​နေတာမို့သူ့တို့နှ​ယောက်​ကြားတွင်​တခုခုဖြစ်​ထားသည်​ဟုသိလိုက်​သည်​...taehyung သူ့ကိုဖက်​၍​တော်​​တော်​ကြာငိုပြီး..အခု​​တော့အိပ်​​ပျော်​သွားပြီ...

"သူအိပ်​သွားပြီလား..hyung"

ရုတ်​တရက်​အသံကြားလိုက်​ရ​သော​ကြောင့်jin လန့်​သွားကာလှမ်းကြည့်​လိုက်​သည်​..

"ဟမ်​...jungkook..မင်းအခုထိမပြန်​​သေးတာလား"

"​စောနကမှအိပ်​သွားတာလား hyung?"

"အင်း..​တော်​​တော်​ကြာကြာငိုလိုက်​​သေးတယ်​...​မင်းတို့ကြားမှာဘာ​တွေဖြစ်​ထားတာလဲ jungkook"

"​နောက်​မှ...​နောက်​မှ​ပြောကြမယ်​ hyung..​တောင်းပန်​ပါတယ်​..ဖုန်းဆက်​ပြီးပြန်​​ခေါ်လိုက်​ရတာ..."

"အာ..ရပါတယ်​ကွာ...ဟမ်​..မင်းလက်​ကဘာဖြစ်​တာလဲ..jungkook"

ရောင်​ကိုင်းကာ​သွေးထွက်​​နေ​သောလက်​ကိုကြည့်​ကာjin လန့်​သွားရသည်​..

"အ..."

"မင်းဘာလုပ်​ထားတာလဲ jungkook"

"အာ..ရတယ်​hyung..ကျွန်​​တော်​ဘာမှမဖြစ်​ဘူး"

"ကျစ်​...ဒါလား..ဘာမှမဖြစ်​တာ..လက်​ကြီးတခုလုံး​ရောင်​ကိုင်း​နေတဲ့ဟာ...​နေဦး..ငါ​ဆေးထည့်​​ပေးမယ်​"

only him..[Complete]Where stories live. Discover now