39

6.8K 434 26
                                    

အရာအားလုံးကိုရင်းပြီ​​ရှေ့ဆက်​ကြမယ်​..​လျှောက်​ရမယ့်​လမ်းက​ချော​ချောချူချူဖြစ်​​နေရင်​တမျိုးကြီးဖြစ်​မ​နေဘူးလား အခက်​အခဲ​တွေ​တော့ရှိမှာပဲ ရင်​ဆိုင်​ဖို့အတွက်​​တော့​ကြောက်​မ​နေ​တော့ဘူး...
_
_
_
_
_
_
_
_
_
_
_
"အင်း~~"

တော်​​တော်​ကြာအိပ်​လိုက်​ရသည်​ထင်​သည်​ နိုးလာ​တော့အိမ်​မက်လိုလိုဘာလိုလိုကြီးဖြစ်​​နေသည်​..ထုံးစံအတိုင်းခံစား​နေရတဲ့ရင်​​ငွေ့​နွေး​နွေးနဲ့ကိုယ်​သင်းရနံ့​ကြောင့်​​မော့ကြည့်​မိ​တော့ jungkook ကအိပ်​​နေဆဲ..ခပ်​ရဲရဲဖြစ်​​နေ​သောညာဘက်​ပါး​လေးအားမြင်​မိပြန်​​တော့စိတ်​မ​ကောင်း..ပါး​လေးကိုလက်​ဖြင့်​အုပ်​ကာခပ်​ဖွဖွပွတ်​​ပေး​နေမိသည်​...

ကိုယ့်​အတွက်​ဆိုမိုက်​ရူးရဲဆန်​လွန်း​သောသူ့အားအသက်​ထက်​ပိုချစ်​​သော်​လည်းကိုယ့်​​ကြောင့်​ဖြစ်​သွားတဲ့ဒီကိစ္စမှာ​တော့အပြစ်​ရှိသလိုခံစားရသည်​..အရိုက်​ခံရတဲ့သူဟာကိုယ်​ဖြစ်​သင့်​တယ်​မဟုတ်​ဘူးလား..မလွန်​ဆန်​နိုင်​တဲ့သဘာဝနဲ့ဆန့်​ကျင်​ဘက်​​လောကကြီးမှာရပ်​တည်​​နေရတာလဲလွယ်​ကူတာမှမဟုတ်​ဘဲ..

လူ​တွေကိုလည်းအပြစ်​တင်​လို့မရပါဘူး​လေ..ပုံမှန်​မဟုတ်​တဲ့ကိုယ်​​တွေမှာလည်းအပြစ်​ရှိတာပဲမဟုတ်​လား..

အိပ်​ထားတာနဲနဲကြာ​နေပြီမို့​ညောင်းစိစိကြီးဖြစ်​​နေသလိုခံစား​ရသည်​မို့ သူ့ရင်​ခွင်​ထဲကခပ်​ဖြည်းဖြည်းထွက်​ကာထထိုင်​လိုက်​သည်​..အ​ကြောကိုအားရပါးရဆန့်​လိုက်​ရ​တော့​တော်​​တော်​ကို​နေသာထိုင်​သာရှိသွား
သည်​..

"အို့ အ​မေ့"

ထပြီးမျက်​နှာသွားသစ်​မလို့အလုပ်​အဆွဲခံလိုက်​ရ​သောလက်​တဖက်​နှင့်​အတူရင်​ခွင်ထဲဆွဲသွင်းခံလိုက်​ရ​သော​ကြောင့်​အလန့်​တညက်​ထ​အော်​မိသည်​အထိ..

"Jungkook ရယ်​ လန့်​သွားတာပဲ.."

"နိုး​နေတာကြာပြီလား"

"ဟင့်​အင်း ​စောန​လောက်​ကမှ..နိုးသွားတာလား ငါ့​ကြောင့်​"

only him..[Complete]Where stories live. Discover now