26

7K 566 4
                                    

ခန​လေးအတွင်းမှာဖြစ်​ပျက်​သွားတဲ့အရာ​တွေအားလုံးကအရမ်းမြန်​လွန်းတယ်​..ဒါ​ပေမဲ့တန်​ဖိုးအရမ်းရှိလွန်းတယ်​...
-
-
-
-
-
-
-
-
-
-
ရင်​ခွင်​ထဲ၌နှစ်​နှစ်​ချိုက်​ချိုက်​အိပ်​​ပျော်​​နေ​သော​ကောင်​​လေးကjungkook သ​ဘောကျစွာကြည့်​​နေမိသည်​...အားရပါးရငိုပြီးပြီမို့က​လေး​လေးတ​ယောက်​လိုအိပ်​​ပျော်​​နေသည့်​ပုံ​လေးကချစ်​လို့မဝနိုင်​..အသည်းယားလို့နှ​ခေါင်းလုံးလုံး​လေးကိုညှစ်​လိုက်​​တော့တအိအိနဲ့ညည်းကပြန်​အိပ်​သွားသည်​..

ဒီ​ကောင်​​လေးအ​ပေါ်သူအပြစ်​​တွေအများကြီးလုပ်​ခဲ့မိသည်​..ရက်​ရက်​စက်​စက်​ပစ်​ပယ်​ခဲ့သည်​..ထိခိုက်​​အောင်​လည်းလုပ်​ခဲ့မိသည်​..သို့​သော်​ taehyung သည်​jungkook အ​ပေါ်နဲနဲမှအပြစ်​မယူခဲ့..taehyung သူ့ကိုဘယ်​​လောက်​ချစ်​မှန်းသိခဲ့ရတဲ့အချိန်​တုံးကသူရင်​ကွဲမတတ်​ခံစားခဲ့ရသည်​...taehyung သူ့ကိုမုန်းမသွားတာပဲ​ကျေးဇူးတင်​ရမည်​..taehyung သာသူ့ကိုမုန်းသွားရင်​သူ​နေနိုင်​မှာမဟုတ်​..

"Jungkook!!"

အာပြဲကြီးနှင့်​​အော်​ကာဒုန်းဒိုင်း​ပြေးလာ​သောjin hyung ကိုကမန်းကတန်းလှမ်းတားလိုက်​သည်​...

တိုးတိုး​နေရန်​လုပ်​ပြကာအနားကိုအသံတိတ်​​ခေါ်​တော့မျက်​လုံးကြီးပြူးကာကုတ်​​​ချောင်းကုတ်​​ချောင်းနှင့်​​ရောက်​လာသည်​...

"ရှူး...သူအိပ်​​ပျော်​​နေတယ်​.."

အသံကိုထိန်းကာတတ်​နိုင်​သ​လောက်​တိုးတိုး​လေး​ပြောလိုက်​သည်​..

"ဘာဖြစ်​တာလဲ..?"

"ကျ​တော်​​နောက်​မှ​ပြောပြမယ်​..အရင်​ဆုံးအခန်းကိုပြန်​ကြမယ်​.."

Taehyung နိုးသွားမှာစိုး​သော​ကြောင့်
အတတ်​နိုင်​ဆုံးညင်​ညင်​သာသာ​လေး​ပွေ့ချီလိုက်​သည်​...taehyung က​တော့တအင့်​အင်းညည်းကာရင်​ခွင်​ထဲသို့အတင်းတိုးဝင်​​တော့သည်​...

Jin hyung က​တော့​ဘေးနားက​နေပြုံးစိစိကြီးနှင့်​လိုက်​လာ​လေရဲ့..
.
.
.
.
အခန်းထဲ​ရောက်​​တော့ကုတင်​​ပေါ်ကိုချ​ပေးကာ​စောင်​ပါခြုံ​ပေးလိုက်​သည်​..

only him..[Complete]Where stories live. Discover now