38

6.5K 473 32
                                    

နှလုံးသားတခုလုံးနဲ့ရင်းပြီးချစ်​လာခဲ့ပြီးပြီမို့ဘယ်​အရာ​ကြောင့်​နဲ့မှအဆုံးရှုံးမခံနိုင်​ဘူး..အစိတ်​စိတ်​ကွဲ​ကြေပြီးသားနှလုံးသားတခုကိုဂရုတစိုက်​နဲ့ပြန်​ဆက်​ခဲ့တာဒီလိုထပ်​ကွဲ​ကြေဖို့အတွက်​မှမဟုတ်​ဘဲ..
_
_
_
_
_
_
_
_
_
_
_
ဂျီ...ဂျီ..ဂျီ..

တဂျီဂျီမြည်​​နေ​သောjungkook ၏ph လာ​နေသည်​မှာဘယ်​နှစ်​ကြိမ်​​မြောက်​မှန်းမသိ​တော့..​ထုံးစံအတိုင်းမထပ်​ရုံတမယ်​ဖက်​အိပ်​​နေကြ​သောထိုနှစ်​​ယောက်​မှာ​တော့တုပ်​တုပ်​မျှမလှုပ်​..

ဂျီ...ဂျီ...ဂျီ...

"ဟာကွာ.."

စော​စောစီးစီးဖုန်းဆက်​တာကjin hyung မှလွဲ၍ဘယ်​သူမှမရှိ​သောလည်းထပ်​ခါထပ်​ခါဆက်တိုက်​​လာ​နေတဲ့ ဖုန်း​ကြောင့်​ jungkook ထကိုင်​မှရ​တော့မည်​ ...ရင်​ခွင်​ထဲကအ​ကောင်​​ပေါက်​ကလည်းph သံ​ကြောင့်​ထင်​သည်​ တအိအိနှင့်​မျက်​​မှောင်​ကြီးကြုတ်​ကာလှုပ်​လှုပ်​ရွရွဖြစ်​လာသည်​မို့ နိုးသွားမည်​စိုး​သော​ကြောင့်​ကမန်းကတန်း​ကောက်​ကိုင်​ရသည်​..

"ဟယ်​လို!"

အိပ်​​နေရင်​ဖုန်းလာလျှင်​စိတ်​တိုတက်​သည်​မို့အသက်​ခပ်​မာမာထူးလိုက်​​တော့တဖက်​က​တော်​​တော်​ကြာအသံပြန်​မထွက်​လာ..

"သား jungkook"

"ဟမ်​..omma!?"

အသံနဲနဲကျယ်​သွားသည်​မို့ taehyung ကကြားသွားသည်​ထင်​သည်​..မျက်​လုံးပြူး မျက်​ဆန်​ပြူး ဖြင့်​ကမန်းကတန်း​ထထိုင်​သည်​..

"​အော..omma ​တောင်းပန်​ပါတယ်​..ကျ​တော်​ contact name ကိုမကြည့်​လိုက်​မိလို့..ဘာကိစ္စရှိလို့လဲ"

"......"

"ဟမ်​..အိမ်​ကိုလား ဒီ​နေ့လား ဘာဖြစ်​လို့်​လဲ"

သူ​ပြောသမျှကိုပြူး​ကြောင်​​ကြောင်​နှင့်​နား​ထောင်​​နေ​သော​ဘေးကအ​ကောင်​​ပေါက်​ကိုကြည့်​ကာဖုန်း​ပြောရင်းအသည်းယားလာသည်​မို့နှခမ်း​လေးကိုခပ်​ဖွဖွလှမ်းနမ်း​တော့မျက်​​စောင်း​​လေးလှမ်းထိုး​သေးသည်​..

only him..[Complete]Where stories live. Discover now