9

6.7K 712 19
                                    

ဒါ...
စိတ်​ကစားတာသပ်​သပ်​မဟုတ်​ခဲ့ဘူး..
စိတ်​ရင်းအမှန်​နဲ့ချစ်​ခဲ့တာ...
-
-
-
-
-
လေးလံ​နေတဲ့စိတ်​​တွေနဲ့အတူ..​ခြေလှမ်း​တွေကjungkook ​ခေါ်ထားတဲ့ cafe အ​ရှေ့..ဆိုင်​ထဲကိုဝင်​ဖို့ချီတုံချတုံဖြစ်​​နေတဲ့စိတ်​ကိုဖယ်​လိုက်​ရင်းအထဲ​ရောက်​​အောင်​ဝင်​သွားနိုင်​ခဲ့သည်​...

ဆိုင်​ထဲကို​ဝေ့ကြည့်​လိုက်​​တော့..​တွေ့ပါပြီ..​​နောက်​​ကျော​ပေးပြီးထိုင်​​နေ​ပေမယ့်​အလွတ်​ရ​နေ​သောသူ့​ကျောပြင်​ကျယ်​...အနားကို​ဖြေးညင်းစွာ​လျှောက်​သွားရင်း..

"Jungkook"

"အင်း..​ရောက်​လာပြီလား..ထိုင်​."

ပုံမှန်​ထက်​မာဆက်​ဆက်​ဖြစ်​​နေ​သောသူ့အသံ​..

"ဘာ​ပြောမလို့ငါ့ကို​ခေါ်တာလဲ..jungkook?"

"မင်း...Yun ကိုဘာ​တွေသွား​ပြောထားတာလဲ"

"ဟမ်​..မင်းဘာကိုဆိုလိုချင်​တာလဲ..သူနဲ့ငါနဲ့ကခင်​မှမခင်​တာ..ငါကဘာသွား​ပြောရမှာလဲ"

"မင်း မလိမ်​နဲ့..kim taehyung..ငါလိမ်​တာမကြိုက်​ဘူး"

"ငါဘာကိုလိမ်​ရမှာလဲ..ဘာဖြစ်​​နေတာလဲ..jungkook"

"ဟက်​..ရိုးသားချင်​​ယောင်​​ဆောင်​ပြန်​ပြီ..မင်းဒီ​နေ့Yun ကို​ခေါ်ပြီးငါနဲ့မပတ်​သတ်​ဖို့​ခေါ်​ပြောတယ်​..ကိုယ်​ထိလက်​​ရောက်​လည်းလုပ်​လိုက်​တယ်​ဆိုတာ..Yun ​ပြောလို့ငါအကုန်​သိပြီးပြီ..kim taehyung.."

"ဟမ်​...ဘာ​တွေ​ပြော​နေတာလဲ..jungkook မင်း​ပြောတာ​တွေငါတခုမှနားမလည်​ဘူး..မင်း​ပြောသလိုYun ဆိုတဲ့တ​ယောက်​ကို​ခေါ်ပြီးငါကဘာ..."

"Yun ကိုယ်​တိုင်​ငါ့ကို​ပြောပြတာKim taehyung!!!!"

"Jung..jungkook"

"မင်း​ဗြောင်​လိမ်​ဖို့မကြိုးစားနဲ့..kim taehyung..မင်း..မင်းကွာ..​ယောကျာ်းတ​ယောက်​ကိုမိန်းမတ​ယောက်​နဲ့ပြိုင်​လုရ​လောက်​​အောင်​မင်းမှာ​ယောကျာ်းရှားလား...ဟမ်​..မင်း.."

"မင်းကသူ့ကိုအဲ့​လောက်​​တောင်​ချစ်​တာလား..jungkook"

Taehyung ဘာမှမသိ​တော့ပါ..အသံများကလည်းတုန်ရီ​​နေပြီ..စွတ်​စွဲချက်​​တွေ​အောက်​​ပြစ်​ပြစ်​နှစ်​နှစ်​​ပြောဆိုချက်​​တွေ​အောက်​ဘာမှ​မ​ဖြေရှင်းနိုင်​​တော့ဘူး..

only him..[Complete]Where stories live. Discover now