2

12.5K 751 8
                                    

လျှစ်​လျူရှုမည်​လုပ်​လိုက်​တိုင်း..
တိုက်​ဆိုင်​စွာ​ရောက်​ရှိလာတတ်​​သော
သူရဲ့​ဂရုစိုက်​မှု..ဒါမှမဟုတ်​ ဟန်​​ဆောင်​သရုပ်​ပြမှု.?
.
.
.

"ဘာစားမလဲtaehyung..အခု​ရော​နေ​ကောင်းရဲ့လား"

"အင်း..​ကောင်းပါတယ်​"

"Jimin နဲ့သိပ်​မတွဲနဲ့ကွာ..ကိုမကြိုက်​ဘူး"

"ဘာလို့လဲ.jungkook"

သူကလမ်း​လျှောက်​​နေရင်းရပ်​လိုက်​ပြီး ကျွန်​​တော့ဘက်​သို့လှည့်​ကာ..

"ဟမ်​..ကိုမကြိုက်​ဘူးဆိုမတွဲနဲ့​ပေါ့ကွာ..ဘာလို့​မေး​နေရတာလဲ"

"ဘာလို့လဲjungkook..jimin ကငါ့သူငယ်​ချင်း​လေ..မင်းကဘာလို့..."

"Jungkook."

ခေါ်တဲ့သူကိုလှမ်းကြည့်​လိုက်​​တော့​စောနကjungkookနဲ့စကား​​ပြော​နေတဲ့​ကောင်​မ​လေး..

ခေါ်သံကြား​တော့jungkook က

"​အော်​...yun"

သူပြုံးတယ်​..နှစ်​နှစ်​ကာကာ ကိုပြုံးပြတယ်​..

"​ပြောစရာရှိလို့jungkook"

"အင်း..လာဘီyun..ငါသွား​တော့မယ်​taehyung..အပြန်​ကျရင်​လည်းငါ့ကိုမ​စောင့်​နဲ့..မင်းဘာ့မင်းပြန်​လိုက်​​တော့​နော်​"

"​နေအုံး​လေ..jung."

ကျွန်​​တော့အ​ဖြေကို​တောင်​မ​စောင့်ဘဲချာကနဲလှည့်​ထွက်​သွား​သောjungkook

Yun..yunတဲ့လား..သူ့ကို​တွေ့​တော့ပြုံးလိုက်​တဲ့အပြုံး​တွေ..ငါကိုမ​ပေး​တော့တဲ့အဲ့အပြုံး​တွေနဲ့သူမကို...

ဘာရယ်​မှန်းရင်​ဘက်​ထဲက​အောင့်​သက်​သက်​ခံစားချက်​နဲ့အတူစီးကျလာ​သောမျက်​ရည်​တချို့..ရင်​ဘက်​ကအင်္ကျီစကိုတင်း​နေ​အောင်​ကိုင်​ကာထို​နေရာမှထွက်​ရန်​အားယူ​သော်​လည်း​လှမ်းမရ​သောထို​ခြေ​ထောက်​...အ​ရေးမပါတာkim taehyung ရာ...​ပျော့ညံ့လိုက်​တာ...ကျစ်​..

ကျ​နေ​သောမျက်​ရည်​များကိုလက်​ခုံဖြင့်အကြမ်းပတမ်းသုတ်​ယူလိုက်​​သော်​လည်း..တာကျိုးသလိုကျလာ​သောမျက်​ရည်​များ..
ငါအဆင်​​မ​ပြေဘူး..jungkook
_
_
_
_
_
_
စောနကjungkookလုပ်​ရပ်​ကို​မ​ကျေနပ်​​သော်​လည်း..taehyung ကို​တော့စိတ်​ပူမိသည်...အခုလည်း..​ကျောင်း​​တောင်​တက်​​တော့မယ်​...taehyungနဲ့jungkook ​ရောက်​မလာ​သေးဘူး..​တွေးရင်းစိတ်​ပူ​နေစဉ်​..​ကောင်​မ​လေးတ​ယောက်​ဖြင့်တဟီးဟီးတဟားဟားဝင်​လာ​သောjungkook...

ဟင်​..ဒါဆို..tae..taehyung ​ရောဘယ်​မှာလဲ..

Taehyung ​တခုခုများဖြစ်​​နေမလားဆိုတဲ့အ​တွေးနဲ့ထိုင်​​နေရာမှဝုန်းခနဲထကာ​ပြေးထွက်​သွားလိုက်​သည်​..taehyungကိုရှာရမည်​..

Canteenတ​လျှောက်​​ပြေးသွားရင်း..​တွေ့လိုက်​ရသည်​ကနံရံကိုလက်​ဖြင့်​​ထောက်​ကာတသိမ့်​သိမ့်​တုန်​​နေ​သော​ကျောပြင်​ငယ်​..

"Tae..taehyung"

"ဟင်​..jimin."

"ဟာ..မင်းငို​နေတယ်​..ဘာလို့လဲ..jungkook ကမင်းကိုဘာလုပ်​သွားလို့လဲ..ဟမ်​"

ဒေါသထွက်၍ပုခုံးနှစ်​ဖက်​ကိုလှုပ်​ကိုင်​ကာ​မေးလိုက်​​တော့..မျက်​ရည်​ အရွဲသားနှင့်​​ခေါင်းအသွင်​သွင်​ကိုခါရမ်း​နေ​သောtaehyung..

"အင်း..မ​မေး​တော့ဘူး..tae..ငါမ​မေး​တော့ဘူးမငိုနဲ့​တော့​နော်​"

ပြောရင်းနှင့်​ပင်​ရင်​ခွင်​ထဲစွဲသွင်းလိုက်​​သောအခါtaehyung က..

"ငါ..ငါ..လက်​လွှတ်​လိုက်​သင့်​ဘီလားဟင်​..jung ဟင့်​..jungkook ကငါ့ကိုမချစ်​​တော့ဘူးနဲ့တူတယ်​..ဟင့်​..မင်း​ပြောတာမှန်​..ဟင့်​..မှန်​​နေပြီနဲ့တူတယ်​..ငါ့တို့က ငါတို့က
ဟင့်​.."

"မ​တွေးနဲ့..tae..အဲ့ဒါ​တွေမ​တွေးနဲ့ဦး...ငိုချပလိုက်​taehyung"

ပြောကာမှက​လေး​လေးတ​ယောက်​လိုပလုံးပ​ထွေး​ပြောကာငို​သောtaehyung..

တော်​​တော်​ကြာကြာငိုပြီးမှ...​ရင်​ခွင်​ထဲကရုန်းထွက်​လာ​ကာ

"​ကျေးဇူးတင်​ပါတယ်​ jimin..ငါ..ငါဒီလိုမှမလုပ်​ရင်​..ငါမွန်းကြပ်​လွန်းလို့​သေသွားလိမ့်​မယ်​..ပြီး​တော့..​တောင်းပန်​ပါတယ်​..​စောနကcanteen မှာမင်းကိုထားခဲ့မိလို့.."

"ရပါတယ်​ကွာ..ထားလိုက်​​ပါ​တော့..ငိုပြီးပြီမို​လား..လာ..သွားမယ်​..​ကျောင်းတက်​ဖို့လည်းဘယ်​​လောက်​မှမလို​တော့ဘူး.."

ဘယ်​​လောက်​​တောင်​မွန်းကြပ်​​နေလိုက်​မလဲtae...ဘယ်​​လောက်​​တောင်​ခံစား​နေရမလဲ..taeရယ်​..

မင်း​နောင်​တရလိမ့်​မယ်​..Jeon Jungkook..

1080 words
Thz for reading.💘
Klinty..💜

only him..[Complete]Where stories live. Discover now