33

6.1K 497 24
                                    

အရမ်းကြိုက်​တဲ့အရာတခုကိုပွန်းပဲ့သွားမှာစိုးလို့မထိရက်​မကိုင်​ရက်​ဖြစ်​​နေသလို တန်​ဖိုးထားလွန်းတယ်​..သိပ်​တန်​ဖိုးကြီးလွန်းတယ်​ဆိုတာကိုပါသိလိုက်​ရပြီးတဲ့​နောက်​ဘယ်​သူ့ကိုမှ​ပေးမကိုင်​​စေချင်​​လောက်​​အောင်​ကို​လောဘကြီးသွားခဲ့တယ်​...
_
_
_
_
_
_
_
_
_
_
"အား ကျစ်​ ​ခေါင်းကိုက်​လိုက်​တာ"

မျက်​လုံးနှစ်​လုံးဖွင့်​လိုက်​တာနဲ့အုံခဲကာကိုက်​လာ​သော​ခေါင်းကိုဖိကာtaehyung ညီးညူလိုက်​သည်​...​ဘေးနားကိုကြည့်​လိုက်​​တော့ဘယ်​သူမှမရှိ..နာရီကိုလှမ်းကြည့်​လိုက်​​တော့မနက်​ 3 နာရီခွဲ​နေပြီဖြစ်​သည်​..ညကသူဘယ်​​လောက်​​တောင်​​သောက်​လိုက်​လဲမသိ ဘာမှ​တောင်​ပြန်​စဉ်းစားလို့မရ​တော့တဲ့အထိပဲ...

"Jungkook! Jungkook ​ရော?"

ညကသူကိုjungkook အခန်းထဲထိပို့​ပေးတာကိုမှတ်​မိသည်​..သို့​သော်​​နောက်​ဘာ​တွေဆက်​ဖြစ်​မှန်းမသိ​တော့..ကိုယ်​​ပေါ်ကအဝတ်​အစား​တွေလဲ​ပေးထားပုံအရ jungkook အိမ်​မပြန်​မှန်းသိသည်​..

"ဒါဆို သူကဘယ်​​ရောက်​သွားတာလဲ?..အာ..​ရေဆာလိုက်​တာ"

အာ​ခေါက်​​ခြောက်​လာသည်​မို့အခန်းမီးလည်းထဖွင့်​မ​နေ​တော့ပဲ​မီးအလင်းေ​ရာင်မိန်မိန်ေ​လးထဲမှာစမ်းတဝါးဝါးနှင့်​သာအခန်းပြင်​သို့ထွက်​ကာ​အောက်​ဆင်းလာလိုက်​သည်​..

"ဟမ်​? Jungkook?သူကဘာလို့ဧည့်​ခန်းထဲမှာလာအိပ်​​နေရတာလဲ"

အေးရတဲ့အထဲ​စောင်​လည်းမပါဘဲ​sofa ​ပေါ်တွင်​​ကွေး​ကွေး​လေးအိပ်​​နေ​သောjungkook နားသို့ taehyung အမြန်​​ပြေးသွားလိုက်​သည်​..

"Jungkook? Jungkook!"

"ဟမ်​? ဟင်​ သဲငယ်​!?"

ခပ်​ဆက်​ဆက်​လှုပ်​နှိုး​တော့အလန့်​တကြားနှင့်​မျက်​လုံးကြီးပြူးကာထထိုင်​သည်​..

"ဘာဖြစ်​လို့လဲ သဲငယ်​..​နေလို့မ​ကောင်းလို့လား ဘာလို့ထလာတာလဲ"

"မဟုတ်​ပါဘူး ​ရေဆာတာနဲ့နိုးလာတာ..jungkook ကဘာလို့ဒီမှာအိပ်​​နေရတာလဲ"

only him..[Complete]Where stories live. Discover now