24

6.8K 585 24
                                    

ရေရှည်​ကို​တွေးလိုက်​ရင်​အရာအားလုံးကစိတ်​ကူးထားတဲ့အတိုင်းဖြစ်​လာမယ်​လို့ခံစားရတယ်​..ဟင့်​အင်း..ယုံကြည်​ထားတယ်​...
-
-
-
-
-
-
-
-
-
-
-
-
ကျေးငှက်​သံ​တွေသဲ့သဲ့​လေးကြား​နေရ​သော​ကြောင့်​မနက်​​ရောက်​ပြီးမှန်းသိ​သော်​လည်းမထချင်​​သေး..​​​​အေးစိမ့်စိမ့်​​ရာသီဥတုကလူကိုမထချင်​​အောင်​လုပ်​​နေတာပဲ.....​စောင်​ပုံအိအိထဲမှာနစ်​​နေ​အောင်​​ကွေးလိုက်​ရင်​ဆက်​မှိန်း​နေမိသည်​..မ​နေ့ကည​နေမှာပဲဟိုတယ်​ကို​ပြောင်းလိုက်​သည်​မို့ဘာအှ​ထွေ​ထွေထူးထူးလုပ်​စရာမရှိ...jin hyung က​တော့ camp ဆီခနသွားရဦးမယ်​​ပြောသည်​..

"ပျင်းလိုက်​တာ..camping လုပ်​ချင်​​ပေမဲ့​ခြေ​ထောက်​ကလည်း...ဟင်း.."

ခြေချင်းဝတ်​ကထိထားတာသိပ်​မပြင်း​သော်​လည်းဒီတိုင်းလမ်း​လျှောက်​လို့မရ..ဂျိုင်း​ထောက်​နဲ့သာ​လျှောက်​ရသည်​...မနက်​စာမစားရ​သေးတာမို့ဗိုက်​ကအချက်ပြလာပြီ...ဂျိုင်း​ထောက်​နဲ့​လျှောက်​ရမှာစိတ်​မရှည်​တာမို့နာ​နေတဲ့​ခြေ​ထောက်​ကို​မြှောက်​ထားကာခုန်​ဆွခုန်​ဆွနဲ့သာ​ရေချိုးခန်းထဲဝင်​လိုက်​သည်​..
.
.
.
.
.
"ကျစ်​...မြန်​မြန်​ကိုမ​ရောက်​နိုင်​ဘူး.."

မနက်​စာကိုအခန်းထဲပို့ခိုင်းလို့ရ​သော်​လည်း​လေ​ကောင်း​လေသန့်​လည်းရှူချင်​တာမို့​အောက်​ဆင်းစားခြင်းဖြစ်​သည်​..လမ်းတဝက်​​လောက်​​ရောက်​မှပြန်​လှည့်​ချင်​စိတ်​ကတဖွားဖွား..ကိုယ်​ကစိတ်​မရှည်​တတ်​သူမို့ဂျိုင်း​ထောက်​နဲ့​လျှောက်​ရတာ​တော်​​တော်​အဆင်​မ​ပြေဖြစ်​သည်..ဂျိုင်း​ထောက်​လည်းမသုံးဖူးတာမို့လျှောက်​လိုက်​တိုင်း​ခြေ​ထောက်​နဲ့ငြိငြိသွားသည်​မို့​​မှောက်ရက်လဲမှာလည်း​​ကြောက်​​နေရသည်​...

"အာ...အဆင်​ကိုမ​ပြေဘူး...ဗိုက်​ဆာ​နေပါတယ်​ဆိုမှ"

လူကဗိုက်​ဆာရင်​စိတ်​တိုလာတတ်​တဲ့သူမို့ဒီဂျိုင်း​ထောက်​နဲ့သွား​နေရတာ​ထော့နဲ့​ထော့နဲ့..စိတ်​မရှည်​​တော့တာနဲ့မြန်​မြန်​​လျှောက်​လိုက်​ရင်း​ခြေ​ထောက်​နဲ့ဂျိုင်း​ထောက်နဲ့ငြိကာလဲကျ​တော့မည်​ကိုသိတာ​ကြောင့်​မျက်​လုံးကိုမှိတ်​ပြစ်​လိုက်​သည်​...

only him..[Complete]Where stories live. Discover now