This part is jungkook' pov
-
-
-
-
"မင်းအပေါ်ထားထားတဲ့သည်းခံမှုနဲ့နားလည်မှုတွေကုန်တော့မယ်jungkook..ငါ့ကိုတားပါjungkook.အဲ့လိုမဖြစ်ခင်ငါ့ကိုတားပါ..အကယ်၍မင်းမတားခဲ့ရင်ငါလည်းမင်းကိုဆက်မချစ်တော့ဘူးjungkook...."နားထဲကိုဝင်ဝင်လာတဲ့မနေ့ကtaehyungပြောခဲ့တဲ့စကား..သူအဲ့လိုပြောပြီးထွက်သွားကတည်းကလူကဘာဖြစ်မှန်းမသိ..တစ်ညလုံးလည်းအိပ်မရဘူး..နိုးတော့လည်းထပ်ကြားရပြန်ဘီ..
ကျစ်.
ရန်ဖြစ်တိုင်းလမ်းခွဲလိုက်ပြန်တွဲလိုက်ကဖြစ်နေကျဆိုပေမယ့်..မနေ့ကသူပြောတဲ့အဲ့စကားကြီးကျမှဘာတွေဖြစ်နေမှန်းကိုမသိ..ပြတ်သွားတာလဲမဟုတ်ဘဲနဲ့..တခုခုဖြစ်တော့မယ်ဘဲထင်နေတယ်..အခုချက်ချင်းဖုန်းဆက်မေးရအောင်လည်းသူကအချိန်ပိုင်းအလုပ်သွားနေပြီလားမသိ..သွားတွေ့ရအောင်လည်းသူကဘယ်မှာလုပ်နေမှန်းမသိ....ကျောင်းကလည်းပိတ်တော့ခက်ပြန်..
အော်..တယ်လည်းတော်တဲ့ချစ်သူပါလား..Jeon Jungkook ရယ်ကို့ချစ်သူရဲ့ဖုန်းနံပါတ်နဲ့နေတဲ့နေရာကလွဲရင်းဘာမှမသိတဲ့အကောင်းစားချစ်သူကြီးပါလား..
Kim taehyung..အင်း..ထိုခပ်အေးအေးကောင်လေးနှင့်ရည်းစားဖြစ်ခဲ့သည်မှာကိုနှင့်ကို့သူငယ်ချင်း၏စနောက်မှုကြောင့်ဖြစ်ခဲ့ရသည်..အဲ့နေ့ကသူ့ကိုစာကြည့်တိုက်ထဲမှာတွေ့သည်..မျက်မှန်ဝိုင်းကြီးကိုတပ်ကာပါးစပ်ကပွစိပွစိပြောနေသည့်ထိုကောင်လေးကိုမြင်တော့ခွီခနဲရယ်မိသည်..ဇာတ်လမ်းကအဲ့မှာစတော့တာဘဲ..ကျွန်တော့်သူငယ်ချင်းwoojin ကအဲ့ကောင်လေးကိုကြိုက်သွားတာလားဘာညာဖြင့်စတော့ကျွန်တော်ကလည်းမခံချင်စိတ်ဖြင့်"ငါကတော့မကြိုက်ဘူး..သူကတော့ငါ့ကိုကြိုက်နေမယ်ထင်တယ်"လို့ပြောကာမှ"ကို့ကိုယ်ကိုအထင်ကြီးလွန်းနေသည်"တဲ့လေ..."ငါရအောင်လိုက်ပြမယ်"ဟုပေါ့ပျက်ပျက်ပြောကာသူနှင့်ကျွန်တော်နှင့်ဇာတ်လမ်းကိုစတင်ခဲ့သည်..
တလလောက်နေတော့မြင်မြင်ချင်းချစ်မိသည်ဟုဖွင့်ပြောတော့ထိုကောင်လေးကချက်ချင်းအဖြေပြန်ပေးခဲ့သည်..ထင်တဲ့အတိုင်းဖြစ်လာသည်မို့မအံ့သြမိ...သို့သော်လည်းစိတ်မကောင်း သူ့ကိုကစားပွဲထဲဆွဲခေါ်မိခဲ့ပြီးမဟုတ်လား..ကျွန်တော်ချစ်ခဲ့ပေးပါသည် အားနာတဲ့စိတ်နှင့်..တကယ့်စိတ်နဲ့သာဆိုကျွန်တော်ချက်ချင်းလမ်းခွဲလိုက်မည်ဖြစ်သော်လည်းသူနဲ့ကျမှလမ်းမခွဲဘဲဆက်တွဲခဲ့မိသည်..စိတ်ပါတဲ့အချိန်ဂရုစိုက်ပြီးစိတ်မပါတဲ့အချိန်ဂရုမစိုက်တတ်တာတော့ကျွန်တော့်အကျင့်ဖြစ်သည်မို့သူလည်းသိသည်.
ယခုသူတဖြည်းဖြည်းပြောင်းလဲလာသည်ဟုဆိုရမည်..jimin နဲ့လဲတတွဲတွဲပြန်ဖြစ်လာသည်..ကျွန်တော့စကားဆိုလည်းနားမထောင်တော့ဘဲပြန်ပြန်ပြောလာသည်..ထူးဆန်းတဲ့စကားတွေလည်းပြောလာသည်..တခါတလေ"ငါအကုန်သိတယ်..မင်းကိုချစ်လို့"တဲ့လေ..သူကအဲ့လိုထူးဆန်းတဲ့စကားတွေပြောလေလေကိုကကြောင်ချင်လာလေလေဘဲ...ကိုကိုယ်တိုင်လည်းဘာဖြစ်မှန်းမသိတော့..သူ့ကိုမချစ်ခဲ့ဘူးလို့လည်းမဟုတ်သလိုအရမ်းလည်းမချစ်ခဲ့ဘူး...အရင်ကကျွန်တော်ဟာမချစ်ရင်ချက်ချင်းလက်ငင်းလမ်းခွဲခဲ့သောလူစားမျိုးဖြစ်ပေမယ့်..အခုသူနဲ့တွေ့မှပြောင်းလဲလာတာတော့အမှန်..သူနဲ့လမ်းခွဲပြီးတိုင်းရင်ထဲဟာတာတာကြီး..သူမရှိရင်မနေနိုင်သလို..သူ့ကိုမြင်ရင်းလည်းပြန်တွဲချင်စိတ်ကတဖွားဖွား..ပြန်တွဲလိုက်ရင်လည်းရင်ထဲတမျိုးကြီးဖြစ်သွားပြန်ရော..ဗီဇကပြလာပြန်တော့ကို့ကိုရေလာမြောင်းပေးလုပ်တဲ့ကောင်မလေးတွေမြင်ရင်ကစားချင်ပြန်ရော..
သူ့ကိုမချစ်ဘူးလားဆိုတော့လည်းမသိဘူး..မချစ်လို့လမ်းခွဲဆိုတော့လည်းမခွဲချင်..ဒါပေမယ့်..သူမနေ့ကပြောတဲ့စကားကြားပြန်တော့ရင်ထဲအောင့်သက်သက်ကြီး...သူမချစ်တော့ရင်ဆိုတာကြီးကိုစဉ်းစားမိပြန်တော့ရင်ထဲကဆစ်ခနဲ...သေချာတာတော့သူ့ကိုကျွန်တောမချစ်ခဲ့ဘူး..ဟင့်အင်း..ချစ်ခဲ့တယ်..ဟာ...ကျစ်...
Jeon Jungkook ရူးနေပြီထင်တယ်..ရေရေရာရာမသိတဲ့ကို့စိတ်ကိုဘာလုပ်ပြစ်လိုက်ရမလဲ..ဟူး..
Kim Taehyung...မင်းကြောင့်ငါရူးတော့ထင်တယ်..
1367 words
Thz for reading💘
Klinty💜
YOU ARE READING
only him..[Complete]
Romanceအချိန်တွေကိုနောက်ပြန်လှည့်လို့ရမယ်ဆိုရင်.. ဟင့်အင်း...ပြန်မလှည့်ဘူးရှေ့ဆက်သွားမယ်.. ထပ်ပြီးမဖြတ်သန်းချင်တော့တဲ့အတိတ်ဆိုးတွေရှိခဲ့တာမို့ Jeon Jungkook×Kim Taehyung