💚 ၁ 💚

2.3K 114 1
                                    


Unicode💚

အေးစက်သွားတဲ့ လူတစ်ယောက်ရဲ့ အတ်ိတ်မှာ နွေးထွေးစွာ ယုယဖူးတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်..

နက်ရှိုင်းစွာ ချစ်ခဲ့ပေမဲ့ မဆုံနိုင်တဲ့ ကံတရားကြောင့် မျက်ရည်ကိုသုတ် ခေါင်းငုံ့ကာ လှည့်ထွက်ရင်း အရှုံးဆိုတာကို ကျေကျေနပ်နပ်ကြီး ခံယူခဲ့တဲ့ ကျနော်..

တကယ်တော့ အရှုံးမဟုတ်ပါဘူး.

ကျနော့်အတွက်တော့ ရှုံးနိမ့်ရခြင်းဟာ အချစ်ပါပဲ.

ချစ်တဲ့စိတ်ကြောင့် အရှုံးပေးလိုက်တဲ့ နှလုံးသားတစ်ခုရဲ့ ဇာတ်သိမ်းကို ဘယ်လိုခေါင်းစဉ်တပ်ကြမလဲ?

ကျနော်ကတော့ တစ်ခုပဲတွေးမိတယ်.

အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်းပေါ့ဗျာ.

X-x-X

နွေဦးပန်းတွေဝေတဲ့ မနက်ခင်းလေးတစ်ခု.

စောင်အားခေါင်းအထိခြုံကာ အိပ်စက်ဇိမ်ယူနေတဲ့ Jeno.

သာယာလှပတဲ့ မနက်ခင်းရဲ့ အလှတရားတွေအား လစ်လျူရှုရင်းပေါ့.

" Ommonie! Nonoရော "

ချစ်စရာအသံဆာဆာနှင့် အိမ်ထဲပြေးဝင်လာသော Nanaအသံက Jenoတို့အိမ်ရဲ့ ဆည်းလည်းသံဆိုလည်း မမှား.

ငယ်စဉ်ကတည်းက အတူသွား အတူစား အတူကြီးပြင်းလာတဲ့ Nanaကို Jenoမိသားစုအတွက်တော့ သားတစ်ယောက်နဲ့ မခြား.

ယခုလည်း မီးဖိုးဆောင်ထဲက Jeno ommaကို ဖက်ပြီး Nanaချွဲ၍နေသည်အားကြည့်ကာ Jeno Appaသဘောအကျကြီးကျ၍နေပြန်သည်.

" Ommonie! သားမေးနေတာကြားလားလို့ "

" ကြားပါတယ်သားရယ်!  သားNonoက အပေါ်မှာ အိပ်နေပါသတဲ့ရှင့် "

Nanaမေးဖျားလေးအား ချစ်စနိုးကိုင်ကာ ပြန်ဖြေရှာသည့် Jeno Ommaမျက်နှာက ပြုံးရွှင်ခြင်းအတိ.

" ဒါဆို သားသွားနှိုးလိုက်မယ် "

" သွား သွား "

ခွင့်ပြုမိန့်ကိုပင် Nanaတစ်ယောက်မကြားနိုင်.

လှေကားထစ်တွေအား နင်းဖြတ်ကျော်လွှားရင်း Jenoအခန်းဆီသို့ အပြေးလေးလှမ်းချေပြီ.

 အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း { အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း }Where stories live. Discover now