[ Unicode ]
' ဘာဖြစ်လာတာလဲ Nono '
မူမမှန်တဲ့ခြေလှမ်းတွေနဲ့ လှမ်းဝင်လာတဲ့ Nonoလက်အား ဖမ်းဆွဲလိုက်ပြီး ကျနော်မေးလိုက်ခြင်းဖြစ်သည် ။
Nonoခေါင်းခါပြရင်း ကျနော့်လက်ကို လွှတ်ကာထွက်သွားဖို့ပြင်နေပေမဲ့ ကျနော်မလွှတ်ပေးဖြစ် ။
ကျနော် Nonoကိုချစ်တယ် ။
အဲ့ဒါက အရာအားလုံးထက် ။
အခု Nonoဘာဖြစ်နေသလဲဆိုတာ ကျနော်မသိပဲနဲ့ ကျနော်ဘယ်လိုလုပ်ပြီး စိတ်အေးနိုင်မှာလဲ ။
' Nono '
ပခုံးနှစ်ဖက်အားဆုတ်ကိုင်ကာ လေပြေသွေးရင်း ကျနော်ခေါ်တော့ ရီဝေဝေမျက်လုံးများနဲ့ ကြည့်၍လာသည် ။
နှာခေါင်းထဲ စူးနင့်စွာဝင်လာသည့် အရက်နံ့ကြောင့် သက်ပြင်းကိုအသာချရင်း အလှဆုံးပြုံးလိုက်ပြီး…
' Nono မင်းစိတ်ညစ်စရာရှိလာတာလား '
' Nana တောင်းပန်ပါတယ် '
' ဘာလို့လဲ Nono '
' ငါမင်းအပေါ် အမှားတွေ အများကြီး လုပ်ခဲ့ပါတယ် '
' မဟုတ်တာ Nonoရာ ၊ ငါတို့ကအဲ့လိုတွေ ပြောရမယ့်သူတွေမှ မဟုတ်တာ '
' အင်း '
ခေါင်းလေးညိတ်ကာ ကျနော့်ရင်ခွင်ထဲမှာပင် ငြိမ်သက်လို့သွားခဲ့ပြီ ။
ကုတင်ပေါ်သို့ အသေအချာတင်ပေးကာ Nonoအားနှစ်ခြိုက်စွာ အိပ်စက်စေပြီးမှ Nono ဖုန်းအားယူကာ Renjunဆီ ဖုန်းဆက်လိုက်သည် ။
အတော်ကြာမကိုင်သည့်ဖုန်းက နောက်ဆုံးတစ်ခေါက်မှာတော့ ပြန်ထူး၍လာသည် ။
ဟင့်အင်း ထူးတာမဟုတ်ဘူး ။
ရန်တွေ့တာ ။
' မင်းနဲ့ငါ့ကြားမှာ ဖုန်းဆက်စရာ ကိစ္စမရှိတော့ဘူးလို့ ပြောပြီးပြီလေ Jeno '
' ငါမင်းကိုတွေ့ချင်တယ် ၊ အခုချက်ချင်း '
' Na Jaemin '
' အေး ငါ Na Jaemin '
ဖုန်းအားလက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ကာ လွှားထားသည့် Coatအကျီင်္အား အလျင်အမြန် ထပ်ဝတ်ကာ အောက်သို့ဆင်းပြီး ကားကိုမောင်းထွက်ခဲ့လိုက်သည် ။
YOU ARE READING
Short StoryUnicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသက်ဝင်လှုပ်ရှားခဲ့တာ! #LeeJeno မင်းနှလုံးသားကို လုယူဖို့ ငါတစ်ခါမှမကြိုးစားခဲ့ဖူးဘူးJaemin! ကံကြမ္မာက...