[ UNICODE ]
Ting~Tone
အတွေးပေါင်းများစွာနဲ့ နောက်ကျမှ အိပ်ဖြစ်တာမို့ မနက်ကျတော့ အတော်နှင့်မနိုး ။
နေမြင့်မှအိပ်ယာကထကာ သွားတိုက်နေတုန်း မြည်နေသည့် ဘဲလ်သံကြောင့် Gegeများသွားဖွင့်လေမလား စောင့်ကြည့်လိုက်ပေမဲ့ ဘဲလ်သံကရပ်မသွား ။
မထူးတော့ပြီမို့ သွားတိုက်လက်စနှင့်ပင် တံခါးကိုသွားဖွင့်ခဲ့ရတော့သည် ။
ခေါင်းငုံ့ကာ ဂျက်ကိုဖြုတ်ပြီး တံခါးကိုဖွင့်၍ မော့ကြည့်လိုက်တော့ ပြုံးပြီးကြည့်နေတဲ့ Jenoကြောင့် သွားပွတ်တံကြီးကို ငုံခဲကာ မင်သပ်သွားရသည် ။
' အိပ်ပုတ်ကလေးက အခုမှနိုးတာလား '
ပြုံးပြီးမေးနေသည့် Jenoကိုကြည့်ကာ ယောင်ယမ်းပြီး သွားတိုက်ဆေးတွေကိုပါ မြိုချမိတဲ့အဖြစ် ။
' ဝေါ့ '
' ဘာဖြစ်တာလဲ Jun '
Jenoအမေးအား ပြန်မဖြေနိုင် ။
ပျို့တက်လာသည့် ပါးစပ်ကိုပိတ်ကာ ဘေစင်ဆီအမြန်ပြေးရတော့သည် ။
Jenoလည်းနောက်ကလိုက်လာကာ ဘုမသိဘမသိနဲ့ ကျောကိုဖိပေးနေသည် ။
ပါးစပ်ထဲက အမြှုပ်တွေဘေစင်ထဲကျသွားမှ ရေဆေးလိုက်ပြီး Jenoဘက်လှည့်လိုက်တော့ Jenoစိတ်ပူသလိုကြည့်နေသည် ။
' ဘာဖြစ်တာလဲ Jun '
' မင်းကိုမြင်ပြီး သွားတိုက်ဆေးအမြှုပ်တွေကို ငါမြိုချလိုက်တာလေ '
ဘေစင်ပေါ်လက်ထောက်ကာ Jenoမျက်နှာကို ပြုံး၍ကြည့်ရင်း ကျနော်ပြောတော့ Jenoရယ်သည် ။
' တစ်ယောက်တည်းလား Hyungတို့ရော '
အိမ်ကိုဝေ့ဝိုက်ကြည့်ပြီး Jenoပြောတာမို့ Jenoအကျီင်္ရင်ဘတ်အား လက်တစ်ဖက်နှင့် ဆုတ်ကိုင်ကာ နီးကပ်စေလိုက်ပြီး …
' မင်းအတွက် ငါတစ်ယောက်ရှိနေရင် ရပြီမဟုတ်ဘူးလား '
ခေါင်းမော့ကာ နှစ်ကိုယ်ကြားယုံပြောလိုက်သည့် ကျနော့်စကားအဆုံး Jenoနားရွက်တွေ ရဲတွက်လို့လာတာမို့ ခေါင်းလေးငုံ့ကာ ပြုံးလိုက်ပြီး…
ESTÁS LEYENDO
Historia CortaUnicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသက်ဝင်လှုပ်ရှားခဲ့တာ! #LeeJeno မင်းနှလုံးသားကို လုယူဖို့ ငါတစ်ခါမှမကြိုးစားခဲ့ဖူးဘူးJaemin! ကံကြမ္မာက...