💚 ၈ 💚

732 79 2
                                        

Yuta Hyungနဲ့ ချက်စ်ပြိုင်ထိုးနေတဲ့ ကျနော့်ကို ဝါးစားမတက် စိုက်ကြည့်နေတဲ့ Injunအကြည့်တွေအား မသိကျေးကျွံပြုကာ ကစားပွဲကိုသာ အာရုံစိုက်ထားလိုက်သည် ။

သေချာသည် ။

Huang In Junဒေါသတွေ ငယ်ထိပ်တက်ဆောင့်နေလောက်ပြီ ။

' မင်းမျက်နှာကဘာဖြစ်နေတာလဲ Renjun '

သစ်သီးပန်းကန်လာချရင်း Injunဘေးမှာ ထိုင်ကာ Winwin Hyungမေးသည်အား ကြားပုံမပေါ် ။

တင်ပျဉ်ခွေချိတ်ထိုင်ကာ လက်နှစ်ဖက်ယှက်ပိုက်ပြီး ကျနော့်ကိုသာ ဝါးစားမတတ် စိုက်ကြည့်နေတာ ။

' Renjun '

' ဗျာ '

' ဘာဖြစ်နေတာလဲလို့ '

' နုတ်နုတ်စင်းချင်နေတာ '

ဘယ်ဘက်လက်ဝါးပေါ် ညာဘက်လက်ဝါးစောင်းနှင့် အံကြိတ်လှီးရင်း Injunပြန်ဖြေတာမို့ ကျနော်ကျောတောင်ချမ်းချင်သည် ။

ဒါလေးက လူကောင်သာသေးတာ တကယ်လုပ်မယ့်ရုပ်လေး ။

' အော် ကြက်သားကိုနူတ်နုတ်စင်းချင်နေတာများ သွား မီးဖိုဆောင်ထဲ စိတ်ကြိုက်သွားချက် '

' Injunလက်ရာဆိုကောင်းမှာနော် Hyung '

' လူသားနုတ်နုတ်စင်းရော မစားချင်ဘူးလား '

' မစားဖူးတဲ့အသားဆို မစားဘူးရယ် '

' အပြောင်းအလဲလေးဖြစ်အောင် မြည်းကြည့်ပါလား '

' ဝမ်းဖောဝမ်းယောင်ဖြစ်တတ်တယ် ဟီး '

မျက်နှာချိုသွေးကာ ကျနော်သံယောင်ဝင်လိုက်ပြီးမှ...

Injunမျက်စောင်း ဒိုင်းခနဲက အမေရိကန်ဒုံးကျည်ထက် ပိုမြန်တာမို့ ကိုယ့်ပါးစပ်ကို အော်တိုပိတ်လိုက်ရသည် ။

နို့မို့ဆို ဒယ်အိုးထဲရောက်လိမ့်မည် ။

' မင်းပြန်ဖို့အစီအစဉ်မရှိသေးဘူးလား Lee Jeno '

' ပျံချင်တယ် အတောင်ကမပေါက်သေးလို့ '

' မပေါက်သေးရင် ပေါက်လာအောင် ငါလုပ်ပေးရမလား '

' ဘယ်လိုဖြစ်လို့ရန်လိုနေတာလဲ Renjun ၊ Jenoဘာသာ Jenoနေတာ မင်းရွက်ထားရလို့လား '

 အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း { အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း }Where stories live. Discover now