[UNICODE]
Junကိုရင်ခွင်ထဲထည့်ပြီး PUBGဆော့နေတဲ့ ကျနော့်ကို ဘယ်လောက်တောင် စိတ်တိုနေပြီမသိ ။
စကားလည်းမပြောအားသလို Gameကိုသာ သဲကြီးမဲကြီး ဆော့နေဖြစ်သည် ။
တစ်ခါတစ်ခါ ရင်ခွင်ထဲက လှုပ်စိလှုပ်စိနဲ့ မေးစိအောက်ကို ခေါင်းနဲ့တိုးတတ်သလို တစ်ခါတစ်ရံ လိုက်လံလည်း နှောင့်ယှက်တတ်သေးသည် ။
' Jeno မင်းငါ့ကိုအခန်းထဲက မထွက်ခိုင်းတော့ဘူးလား '
'......... '
' Jeno ငါပြောတာကြားလား '
ပြန်မဖြေအား ။
ဇက်ခနဲဖုန်းကိုဆွဲလုပြီးယူလိုက်တာမို့ စိတ်ကိုလျှော့ကာ ရင်ခွင်ထဲက သေးသေးလေးဆီ အာရုံစိုက်ရတော့သည် ။
' ဒီဖုန်းကအရေးကြီးလား ၊ ငါကအရေးကြီးလား '
' Gameဆော့နေတာကို '
' အဲ့Gameက မင်းချစ်သူငါ့ထက်ပိုပြီး အရေးပါတယ်ပေါ့ အဲ့လိုလား '
' အာ Junကလည်း အသက်မဲ့တဲ့ ပစ္စည်းနဲ့ ဘာလို့နှိုင်းယှဉ်ပြီး စိတ်ကောက်နေတာလဲ '
' ကောက်ရမှာပေါ့ ၊ အသက်မဲ့တဲ့ပစ္စည်းလောက်တောင် ငါကအရေးမပါလို့လေ '
' မဟုတ်ပါဘူး Junရာ ၊ ကိုယ်က မင်းကိုပဲ ကြည့်ပြီး မင်းနားပဲကပ်နေရင် စိတ်တွေက မရိုးမရွဖြစ်တတ်လွန်းလို့ တမင်စိတ်ငြိမ်အောင် Gameဆော့နေတာ '
' ဒီရောက်တည်းက ငါ့ကိုအပြင်လည်း ပေးမထွက်ဘူး ၊ ရေလည်းပေးမဆော့ဘူး ၊ အဲ့ဒါနဲ့များ ဘာလို့ခေါ်လာသေးလဲ '
အလိုမကျစွာပြောနေတဲ့ Junကို မြတ်နိုးစွာကြည့်လိုက်ပြီး ...
' ဘယ်သူမှမရှိတဲ့အရပ်မှာ Junနဲ့နှစ်ယောက်တည်းနေချင်လို့ '
' ဒါပေမဲ့ ငါပျင်းတယ်လေ '
' ပေး ဖုန်း '
' ဘာလုပ်ဖို့လဲ '
' Junကိုပြစရာရှိလို့ '
ရစ်ချင်တိုင်းရစ်ပြီးမှ ဖုန်းကိုပြန်ပေးသည် ။
' ဒီမှာကြည့်စမ်း Jun '
KAMU SEDANG MEMBACA
Cerita PendekUnicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသက်ဝင်လှုပ်ရှားခဲ့တာ! #LeeJeno မင်းနှလုံးသားကို လုယူဖို့ ငါတစ်ခါမှမကြိုးစားခဲ့ဖူးဘူးJaemin! ကံကြမ္မာက...