[ UNICODE ]
📩 Junဆင်းလာခဲ့တော့ ၊ ကိုယ်ရောက်နေပြီ 📩
Messageကိုမြင်ပေမဲ့ ကျနော်Replyမပြန်ဖြစ် ။
📩 ကိုယ်တက်လာခဲ့ရမလား 📩
📩 ဘာလို့Replyမပြန်တာလဲ Jun ၊ ကိုယ့်ကိုစိတ်ကောက်နေတာလား 📩
Don't need your love~~
Don't need your love~~
အကြိမ်ကြိမ်အခါခါ ဝင်နေတဲ့ Missed callပေါင်းလည်း များစွာ ။
ကိုင်ဖို့စိတ်ကူး အခုထက်ထိ ကျနော့်အတွေးထဲသို့ ဝင်မလာသေး ။
' Renjunအလုပ်မသွားသေးဘူးလား '
ငူငူငိုင်ငိုင်နဲ့ အခန်းထဲမှာ ထိုင်နေတဲ့ ကျနော့်ကို Gegeသတိပေးမှ အသိစိတ်တို့ ပြန်လည်နှိုးထလာသည် ။
' ဘာဖြစ်နေတာလဲ '
' ဟင့်အင်း ၊ Gege '
' အင်း '
' Jenoတကယ်လို့လာရင် ကျနော်သွားပြီလို့ ပြောပေးပါ '
' ဘာလို့ '
Ting Tone!
Gegeရဲ့အမေးတောင်မဆုံးသေး လူခေါ်ဘဲလ်က မြည်လို့နေပြီမို့ Gegeအလျင်အမြန် လှမ်းထွက်သွားသည် ။
' အော် Jeno '
' Junရော Hyung ၊ Phဆက်တာလည်း မကိုင်ဘူး ၊ Messageပို့တော့လည်း Replyမလာလို့ ဘာဖြစ်လို့လဲဆိုပြီး စိတ်ပူပြီး တက်လာတာ '
' Junက အလုပ်သွားပြီ '
' အလုပ်သွားပြီ ၊ အာ ကျနော်လာကြိုမယ်လို့ သူ့ကိုပြောထားသားရဲ့နဲ့ကို '
' အဲ့ဒါတော့ Hyungလည်း မသိဘူး ၊ Junကမင်းကိုစိတ်ကောက်နေလို့ နေမှာပေါ့ '
' Hyung '
' အင်း '
' Junက ဘာကြိုက်တတ်လဲဟင် '
' သူ့အကြိုက်ဆိုရင်တော့ Moominပဲ Jeno ၊ သူက Moominအရုပ်ကလေးတွေဆို သိပ်သဘောကျတာ '
' ကျေးဇူးပါ Hyung '
' ကဲ Renjun ဘာတွေဖြစ်ထားကြပြန်ပြီလဲ '
အခန်းထဲသို့ ပြန်ဝင်လာကာ မေးနေသည့် Gegeအား ကျနော်ခေါင်းသာခါပြလိုက်သည် ။
ВЫ ЧИТАЕТЕ
Короткий рассказUnicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသက်ဝင်လှုပ်ရှားခဲ့တာ! #LeeJeno မင်းနှလုံးသားကို လုယူဖို့ ငါတစ်ခါမှမကြိုးစားခဲ့ဖူးဘူးJaemin! ကံကြမ္မာက...