💚၃💚
919 83 11
Unicode💚
' Annyeonghaseyo Huang In Jun mitha! အခုမှ အသစ်ဝင်တဲ့ Creative Designerပါ ! ကူညီပေးပါအုန်း ခင်ဗျ '
ခပ်ဆာဆာအသံလေးက အခန်းတစ်ခုလုံးကို ဂယက်ထစေသည် ။
ဝင်လာကတည်းက ခေါင်းငုံ့နှုတ်ဆက်ပြီး အကုန်လုံးကို မိတ်ဆက်နေသည့် ထိုကလေးနာမည်က Huang In Junတဲ့လား ။
Jenoတွေးရင်း ခေါင်းငုံ့ကာ ကြိုတ်ပြုံးမိသည် ။
ထို့နောက် ကိုယ်ရှိန်သတ်ရင်း အပြုံးတို့ခေါက်သိမ်းကာ အခန်းထဲသို့ ဟန်ပါပါလှမ်းဝင်ခဲ့လိုက်သည် ။
' အကုန်လုံးဆူညံနေတာပဲ ဘာဖြစ်နေကြတာလဲ '
မျက်ခုံးနှစ်ဖက်ထိစပ်လုမတတ် တွန့်ချိူးကာ တမင်တကာ ဟန်ဆောင်ဆူပူမှုအား ကြောက်ရွံ့စွာ အကုန်လုံး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်နေကြသော်ငြား ကျနော့်ကလေးပိစိကတော့ စလွယ်သိုင်းအိတ်၏ ကြိုးချောင်းလေးအား တင်းတင်းကိုင်ကာ ထိုနေရာမှာပင် ကြောင်ငေး၍ ရပ်တန့်နေဆဲ ။
' Jisung ! Park Jisung '
အသံမြှင့်ကာ အော်သံအဆုံး Park Jisung အပြေးအလွှား အနားလာရပ်သည် ။
' ဗျာ အဖွဲ့မှူး '
' ဒီမှာဝန်ထမ်းတွေကလွဲပြီး အခြားလူပိုတွေ ထားလို့မရဘူးဆိုတာ မင်းမသိဘူးလား ။ '
' အဖွဲ့မှူး ဒီHyungက '
' ဒီနေရာက ကလေးတွေ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ မရဘူးဆိုတာ မင်းမသိဘူးလား Park Jisung '
ဘေးနားကပိစိအား မသိမသာအကဲခတ်ကာ တမင်တကာပင် Park Jisungကို ဖိဟောက်ပစ်လိုက်သည် ။
' ဒီမှာ မင်းဘယ်သူလဲငါမသ်ိဘူး ။ မင်းဘာကောင်လဲလည်း ငါမသိဘူး ။ အေး ဒါပေမဲ့ မင်းအခုငါ့က်ိုကလေးလို့ ပြောနေတာ ရပ်ပေးပါ '
ကျနော့်မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ပြီး ကျားရဲတစ်ကောင်ကို စိမ်ခေါ်မာန်ဖီနေတဲ့ သမင်ငယ်လေးရဲ့ ဒေါသက ချစ်ဖို့တော့ကောင်းပါသည် ။
' မင်းကဘာအရည်အချင်းနဲ့ ကိုယ့်ကိုလာတားနေတာလဲ ကလေး ။ မင်းက ကိုယ့်စိတ်ကို ပိုင်စိုးနိုင်တယ်လို့ ထင်လို့လား '