💚၅💚

770 87 3
                                    

Unicode💚

' NoNo သေချာကိုင်ထားနော် '

' အင်းပါ '

စကိတ်စီးသင်ရင်း Nanaခါးကို ကိုင်ထားသည့် ကျနော့်လက်အား ပြန်လည်ဆုတ်ကိုင်ကာ ငယ်သံပါအောင် Nanaအော်ဟစ်နေသည်။

' NoNo လဲတော့မှာလား မသိဘူး '

' မလဲပါဘူးကွာ ။ ငါတစ်ယောက်လုံးရှိနေတာပဲကို '

' NoNo ငါ့ခြေထောက် '

' Nanaမင်းအရမ်းကြီး ကြောက်မနေနဲ့ ဘာမှမဖြစ်ဘူး အလိုက်သင့်လေးပဲ သွား ၊ အာ ခါးကြီးကုန်းမထားနဲ့လေ '

' ငါကြောက်တယ် Nono '

' ငါတစ်ယောက်လုံးရှိပါတယ်ဆိုကွာ '

' Nonoက ဘာလို့ငါ့ကိုအော်တာလဲ '

' Nana '

ငိုသံပါနဲ့ စတင်ချွဲတော့မည့် Nanaအား ကျနော်ပိတ်ဟောက်လိုက်တာမို့ နှုတ်ခမ်းဆူကာ ငြိမ်သက်သွားသည် ။

' မျက်နှာကဘာဖြစ်သွားတာလဲ '

' စီးရမှာမဟုတ်လား ရတယ် စီးမယ် '

စိတ်ကောက်ကာ ကျနော့်လက်ကိုလွှတ်ပြီး သူဘာသာသူ အစီးသင်နေသည့် Nanaကို ဒီအတိုင်းသာ ကျနော်ရပ်ကြည့်နေလိုက်တော့သည်။

' Nonoအကျင့်ပုတ် ၊ ငါ့ဆိုဘယ်တော့မှ အလျှော့မပေးဘူး ၊ စိတ်ပုတ် '

' Nanaရှေ့မှာ slow down '

သတိပေးသံတောင်မဆုံးလိုက် ခလုတ်တိုက်ကာ ဗိုင်းခနဲ လဲချေပြီ ။

' ကဲ တွေ့လား '

' အဲ့ဒါ မင်းကြောင့် Nono '

' ဘာဆိုင်လို့လဲ '

' မင်းငါ့ကိုဆူလို့ '

' ဟောဗျာ '

' ဟုတ်တယ်လေ၊ ကိုယ့်ချစ်သူလေးဆိုပြီး မင်းဘယ်နှစ်ခါများ ငါ့ကိုအလိုလိုက်ဖူးလဲ ၊ အမြဲတမ်း ဆူငေါက်နေတာ '

' မင်းကဆိုးတာကို Nanaရ '

' ငါကဘယ်မှာဆိုးလို့လဲ ၊ မင်းကိုချစ်လို့ ချွဲတာလေးတစ်ခုပဲ '

' အေးပါကွာ ၊ ကဲ ထ '

' ထလို့မရဘူး နာတယ် '

' ငါ့လက်ကိုကိုင်ပြီး ထ '

 အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း { အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း }Tempat cerita menjadi hidup. Temukan sekarang