Unicode💚
' ဘာတွေလုပ်နေတာလဲ Nono '
အသံနှင့်အတူ Jenoအနား ဆွေ့ကနဲဝင်ထိုင်ရင်း Nanaမေးခွန်းတွေထုတ်ချေပြီ ။
' ဒီမှာလေ စက္ကူငှက်ကလေးတွေခေါက်နေတာ '
' စက္ကူငှက် ။ ဘယ်သူ့ကိုပေးမလို့လဲ ။ ဘယ်ကောင်မလေးကို ပေးမှာလဲ ။ မင်းကောင်မလေးတွေ့နေပြီလား ။ ဘယ်သူလဲ ။ ဘယ်ကလဲ '
တရစပ် non-stopလွှတ်နေသည့် Nanaအမေးတွေအား Jenoမဖြေနိုင် ။
ဘယ်ကနေစပြီးဖြေရမှန်းမသိတာဆို ပိုမှန်လိမ့်မည် ။
' Nono ငါမေးတာဖြေလေ '
' မင်းမေးခွန်းတွေက များတာကိုNanaရ ။ ငါကဘယ်ကစဖြေရမှာလဲ '
' ဒါဘယ်သူ့ကိုပေးဖို့လဲ ။ အဲ့ဒီ့ကစဖြေ '
' Ok ! ဒီစက္ကူငှက်လေးတွေကို ဒီဗူးထဲအပြည့်ဖြစ်အောင် ခေါက်ပြီး ငါအချစ်ရဆုံးသူကို ပေးမလို့ '
' အချစ်ရဆုံးသူ ။ ဘယ်သူလဲ ။ Nonoမင်းနဲ့ငါ့ကြားကို ဝင်လာမယ့် ဘယ်တတိယလူကိုမှ ငါသည်းမခံဘူးနော် '
နှုတ်ခမ်းဆူကာ ကတ်ကတ်လန်ရန်တွေ့နေသည့် Nanaနောက်စေ့လေးအား ဖက်ခနဲ ဖွဖွရိုက်ကာ မျက်ဝန်းကွေးလေးတွေ ပိတ်သည်အထိ Jenoရယ်ဖြစ်သည် ။
' ဘာရယ်တာလဲ ။ ငါအတည်ပြောနေတာ ။ မရယ်နဲ့ '
' မင်းအတည်က ပေါက်ကရတွေဖြစ်နေတာကို Nanaရ ။ '
' အဲ့တစ်ယောက်က ချောလား '
' အင်း '
' ငါ့လိုရော ချစ်ဖို့ကောင်းလား '
' ဒါပေါ့ '
' ဟွန် ။ အော် Nono ! သူနဲ့ငါဘယ်သူက ပိုချစ်ဖို့ကောင်းလဲ '
' အတူတူပါပဲ '
' တူလို့မရဘူးလေ ။ သူနဲ့ငါက လုံးဝတူညီနေလို့ မရဘူး '
' ဘာလို့မရ,ရတာလဲ '
' ငါကLee Jenoရဲ့ နှစ်ယောက်မရှိတဲ့ Na Jaeminလေ '
ရင်ကိုကော့ကာ ဝံ့ကြွားစွာပြောနေသည့် Nana၏လည်ဂုတ်မှ သိုင်းဖက်ကာ ခေါင်းကိုနှိမ့်လိုက်ပြီး Nanaအား အသည်းယားစွာ အတင်းဖျစ်ညှစ်ပစ်လိုက်သည် ။
YOU ARE READING
Short StoryUnicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသက်ဝင်လှုပ်ရှားခဲ့တာ! #LeeJeno မင်းနှလုံးသားကို လုယူဖို့ ငါတစ်ခါမှမကြိုးစားခဲ့ဖူးဘူးJaemin! ကံကြမ္မာက...