💚 ၁၃ 💚

610 64 5
                                    

Unicode

Renနဲ့တွေ့ပြီး ကျနော်အိမ်ပြန်ရောက်တော့ Jenoနိုးနေပြီ ။

ကျနော်ပြုတ်ပေးထားခဲ့သည့် ကြက်သားစွပ်ပြုတ်ကို သောက်ရင်း TVကလာသည့် ဇာတ်ကားကို စိတ်ဝင်တစားကြည့်ရှုနေသည် ။

' အော် Nana ဘယ်ကပြန်လာတာလဲ '

လှမ်းကာကြည့်ရင်း မေးလာသည့် Nonoအမေးအား ကျနော်ပြန်မဖြေဖြစ် ။

ရင်ထဲမှာတစ်ဆို့လို့လာသည့် ခံစားချက်ကို ဖျောက်ဖျက်ရန် အလို့ငှာ စားပွဲပေါ်ရှိ ရေခွက်ထဲမှ ရေတို့ကိုသာ အငမ်းမရ မော့သောက်နေမိတယ် ။

' Nana မင်းနေကောင်းရဲ့လား '

နှဖူးအားစမ်းရန် လှမ်းလာသည့် Nonoလက်အား ဆက်ခနဲ ပုတ်ချလိုက်ပြီး…

' ငါ့ကိုမထိနဲ့ '

' Nana မင်းတစ်ခုခု '

အဲ့လိုအပြစ်ကင်းသလို မျက်နှာပေးနဲ့ မနေနဲ့ Nono ။

မင်းရဲ့အဲ့မျက်နှာက ငါ့ကိုပိုနာကျင်စေတယ် ။

Nonoမျက်နှာအား အသေအချာကြည့်ကာ ဝေ့တတ်လာသည့် မျက်ရည်တို့အား မျက်တောင်ဖြင့် ပုတ်ခတ်သိမ်းဆည်းရင်း…

' ငါခေါင်းနည်းနည်းမူးနေလို့ '

' ဆေးသောက်မလား ၊ ငါ့ဆီမှာဆေးရှိတယ် '

သေဆေးလားNono ။

အဲ့ဒါဆို တစ်ခါတည်းသာ ပေးလိုက်စမ်းပါ ။

' Nana '

' ဟင့်အင်းရတယ် ၊ ငါနားလိုက်ရင် ကောင်းသွားလိမ့်မယ် '

' အင်း အဲ့ဒါဆိုလည်း နားလိုက်အုန်း '

ခေါင်းသာညိတ်ပြပြီး အခန်းထဲသို့ ဝင်လာခဲ့လိုက်သည် ။

မွေ့ယာပြင်ထက် လဲလျောင်းလိုက်ပြီး မျက်စိထောင့်စွန်းမှာ မြင်နေရတဲ့ နှစ်ယောက်တွဲပုံလေးအား လှမ်းယူလိုက်တော့ မျက်ဝန်းထောင့်ဖျားက မျက်ရည်စက်က မွေ့ယာထက်ဆီ ပေါက်ခနဲ ။

အပြစ်ကင်းလိုက်တာ ။

ဟိုးတုန်းက ကလေးလေးနှစ်ယောက်ကလေ ။

 အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း { အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း }Where stories live. Discover now