💚 ၁၇ 💚

639 67 3
                                        

[ Unicode ]

နေ့လည်ထမင်းစားချိန်မို့ ထမင်းစားခန်းမှလွဲပြီး Companyနေရာအနှံ့အပြားမှာ လူသိပ်မရှိ ။

' Injun '

အခန်းထဲမှာ Fileတွေလာထားရင်း ဘယ်သူမှမရှိတာမို့ စားပွဲပေါ်သာ ကျနော်တင်ထားခဲ့ပြီးပြန်အထွက် ခေါ်သံကြောင့် ခန္ဓာကိုယ်လေးတုန်တက်သွားသည် ။

သူမရှိတဲ့အချိန်လာတာလေ ဘယ်လိုဖြစ်ပြီး …

Jenoကို ကျော်ကာ အပြင်သို့ထွက်ရန် ပြင်လိုက်ပေမဲ့ သန်မာလှတဲ့လက်တွေရဲ့ ချုပ်နှောင်မှုထံမှ မလွတ်မြောက်နိုင် ။

' ခဏလေး Injun '

နံရံမှာဆွဲကာ ကပ်ခြင်းခံလိုက်ရတာမို့ ကိုယ်လေးက သိမ့်ခနဲတုန်တက်သွားသည် ။

' Injun ကိုယ့်အချစ်လေးက ကိုယ့်ကိုစိတ်ကောက်နေတာလား '

နှဖူးပြင်ပေါ်ဝေ့ဝဲကျနေသည့် ဆံပင်တို့အား လက်ချောင်းများဖြင့် သပ်တင်ပေးရင်း ခေါ်လိုက်တာမို့ ချက်ချင်းဆိုသလို မျက်နှာကိုလွှဲပစ်လိုက်သည် ။

' Jun ကိုယ့်ကိုကြည့်ပါအုန်းကွာနော် ၊ Junမကြိုက်တာ ဘာလုပ်မိထားလဲ ၊ ကိုယ့်ကိုပြောလေ ၊ ဟမ် '

ဘာမှပြောချင်စိတ်မရှိတာမို့ ခေါင်းကိုသာတွင်တွင် ငုံ့ထားဖြစ်သည် ။

' Junအဲ့လိုနည်းနဲ့ ကိုယ့်ကိုအပြစ်ပေးနေတာလား ၊ မင်းမရှိရင် ကိုယ်မနေတတ်ဘူးဆိုတာ မင်းမသိလို့လားဟမ် ၊ Jun '

' ငါ့ကိုအပိုစကားတွေနဲ့ လာမနှစ်သိမ့်နဲ့ Lee Jeno '

ပါးမို့လေးထက်ဝဲပျံနေသည့် Jenoလက်ချောင်းတို့အား ဖယ်ချရင်း ကျနော်ပြောတော့
Jenoအံ့အားသင့်သွားပုံရသည် ။

နှုတ်ခမ်းတို့ပွင့်ဟနေပေမဲ့ ဘာစကားမှထွက်မလာတော့ ။

' ငါအရူးမဟုတ်ဘူး Jeno ၊ ငါမရူးဘူး '

' Jun … Junငိုနေတယ် '

ကလေးတစ်ယောက်လို ငိုနေတဲ့ကျနော့်ကို ပါးနှစ်ဖက်ကို ဆုတ်ကိုင်ပြီး အရူးတစ်ယောက်လို Jenoအသည်းအသန်မေးနေသည် ။

 အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း { အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း }Where stories live. Discover now