Unicode
မှောင်ရီနေတဲ့ကောင်းကင်ပြင်အောက် မတ်မတ်ကလေးရပ်ရင်း Busအလာကို Injunစောင့်နေဖြစ်သည်။
အလုပ်တွေအပြီးမသတ်သေးတာမို့ ရုံးစောစောမဆင်းဖြစ်ခြင်းက ထိုသို့Busများ ဒီအချိန်မလာတက်သည်က်ို Injunမသိခဲ့ခြင်းကြောင့်ပင်။
' ကြာလိုက်တာကွာ '
လက်ကောက်ဝတ်မှနာရီအား ငုံ့၍ကြည့်ကာ စိတ်မရှည်သလို Injunရေရွတ်လိုက်သည်။
' မှောင်နေပြီကို '
ခေါင်းကိုမော့ကာ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တွေးစစ Injunဆိုတုန်း ထောက်ခံလာသည့် စကားသံတစ်ခု။
' သိပ်ကိုသေချာတာပေါ့ '
' မင်း Lee Jeno '
နောက်သို့လှည့်ကြည့်ကာ Injunရေရွတ်လိုက်တော့ ပြီတီတ်ီမျက်နှာပေးနဲ့ Lee Jenoရယ်ပြ၍နေသည်။
ဘယ်လိုမုန်းစရာကောင်းတာမျိူးပါလိမ့်?
' ကိုယ့်အထက်လူကြီးကို မလေးမစား ဘာလဲLee Jeno ။ ကလောကန့်လန့်နိုင်လိုက်တာ '
' အထက်လူကြီးဆိုတာ AC Groupရဲ့ အရိပ်အောက်မှာပဲ အကျူံးဝင်တဲ့နာမ်စားပါ Lee Jeno '
' မှောင်နေပြီ ။ ဒီအချိန်ကားမရှိတော့ဘူး '
' အဲ့တော့ '
မထီမဲ့မြင်ကျနော်ပြန်မေးတော့ Lee Jenoပခုံးတွန့်ပြသည်။
' မင်းဘယ်လိုပြန်မလဲ Huang In Jun '
' ဒါက ငါ့ကိစ္စပါ '
' ငါကစေတနာနဲ့ပြောနေတာ '
' ကျေးဇူးတင်တာမို့လို့ Lee Jenoပူပန်ပေးစရာ မလိုပါဘူး '
' ကောင်းပြီလေ ။ ကောင်းကောင်းနေရစ်ခဲ့ပါ ကလေး '
မျက်စိတစ်ဖက်အားမှိတ်ပြကာ မထိတထိကလိသွားသေးတဲ့ Lee Jenoအား လက်ထဲက ထမင်းဘူးနဲ့သာ ကောက်ထုပစ်လိုက်ချင်တော့သည်။
ငယ်ထိပ်ရောက်နေသည့် ဒေါသတို့အားမြိချကာ ကားကိုသာ ဆက်၍စောင့်နေလိုက်တော့သည်။
တစ်စီးမဟုတ် တစ်စီးတော့ ရောက်လာမှာပါ။
•
' ဘယ်လိုလဲ အဖွဲ့မှူး အိုကေလား '
ပြန်ရောက်ရောက်ချင်း အသည်းအသန် မေးနေသည့် Jisung Parkရဲ့ အလိုက်မသ်ိချက်ကတော့ 9+ထက်တောင် ကျော်အုန်းမည်။
YOU ARE READING
Short StoryUnicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသက်ဝင်လှုပ်ရှားခဲ့တာ! #LeeJeno မင်းနှလုံးသားကို လုယူဖို့ ငါတစ်ခါမှမကြိုးစားခဲ့ဖူးဘူးJaemin! ကံကြမ္မာက...