Unicode
' တော်သေးတယ် Nana ၊ Junယုံသွားလို့ '
စိုးရိမ်စွာရေရွတ်လိုက်သည့် Nonoစကားအဆုံး တွေးဆဆဖြင့် ကျနော်ခေါင်းညိတ်လိုက်သည် ။
' ငါတို့Manager Lee Min Hyungကို သတိထားရမယ် Nono '
' Minhyung Hyung? '
' omm ၊ သူRenကို ကြိုက်နေတယ် '
' ဘာ '
ကျယ်လောင်စွာ ထွက်ပေါ်လာသည့် Nonoအသံကြောင့် ကောင်တာကနေ Renလှည့်ကြည့်သည် ။
Nonoလက်ကိုကိုင်ကာ အလျင်အမြန် ချွေးသိပ်လိုက်ပြီး …
' ဒေါသရှေ့မထားနဲ့လေ Nono ၊ ဟိုမှာ Renကြည့်နေတယ် '
' ငါ့ကောင်လေးကိုများ တောက် '
' Renကလည်းလူပဲလေ Nono ၊ ပြီးတော့ ချစ်စရာသိပ်ကောင်းတာ ၊ ဘယ်သူမဆို ချစ်နေနိုင်တာပဲလေ '
' မချစ်ရပါဘူး '
' Nonoမင်းကလေးမဆန်စမ်းနဲ့ ၊ အဓိက,က မင်းနဲ့ငါ့ရဲ့ ပတ်သတ်မှု အတိမ်အနက်ကို ဘယ်သူကမှ မရိပ်မိဖို့ပဲ နားလည်လား '
Nonoခေါင်းညိတ်သည် ။
' သူငယ်ချင်းနှစ်ယောက် ဘာတွေစကားကောင်းနေတာလဲ '
သောက်စရာအအေးဗူးတွေအား အရှေ့မှာ ချပေးရင်း Renမေးလာသည်အား ပြုံး၍ခေါင်းသာခါပြလိုက်သည် ။
' ဘာရယ်မဟုတ်ပါဘူး ၊ ဟိုဟိုဒီဒီပါ '
' ပေး Jun ကိုယ်ဖောက်ပေးမယ် '
Junလက်သေးသေးလေးထဲက အအေးဗူးအားယူပြီး Nonoဖောက်ပေးနေသည်အား မြင်တော့ မနာလိုမိသလိုလို ။
' Lee Jenoကတော့ အပိုတွေလုပ်ပြန်ပြီ '
ကျနော့်ကိုကြည့်ကာ အားနာသလို ပြောလာသည့် Renစကားအဆုံး ကျနော်ရယ်သာနေလိုက်သည် ။
အဲ့အပိုတွေက မင်းနဲ့ကျမှ သူလုပ်တတ်နေတာ Ren ။
' ငါမထင်ခဲ့ဘူး ၊ ငါတို့သုံးယောက် ဒီပုံစံနဲ့ တွေ့ဆုံရမယ်လို့လေ '
' ဘာကိုလဲ Jae'
' အော် ငါ့အချစ်ဆုံးသူငယ်ချင်း Renနဲ့ ငါ့ရဲ့အချစ်ဆုံး သူငယ်ချင်းကို ဒီလိုပုံစံနဲ့မြင်ရတာကိုပြောတာ '
YOU ARE READING
Short StoryUnicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသက်ဝင်လှုပ်ရှားခဲ့တာ! #LeeJeno မင်းနှလုံးသားကို လုယူဖို့ ငါတစ်ခါမှမကြိုးစားခဲ့ဖူးဘူးJaemin! ကံကြမ္မာက...