[ Unicode ]
ဘာစကားတစ်ခွန်းမှ မဆိုပါပဲ အရက်တွေတစ်ခွက်ပြီး တစ်ခွက်လှိမ့်သောက်နေတဲ့ ကျနော့်ကို စိတ်မရှည်ဟန်နဲ့ သက်ပြင်းတွေချနေတဲ့ Haechan ။
' မင်းဘာဖြစ်နေတာလဲ Jaemin '
Haechanအမေးကို ပြန်မဖြေပဲ အရက်တစ်ခွက်ကိုသာ လည်ချောင်းအတွင်း ဝင်ကာဆင်းစေလိုက်သည် ။
' Jaemin '
' ငါဒီနေ့Renနဲ့တွေ့ခဲ့တယ် Haechan '
' Huang In Junလား ၊ Jenoရောလား '
ဖြေးဆင်းစွာပင် ခေါင်းကိုညိတ်ပြလိုက်သည် ။
' Jenoသူဘာပြောလဲ '
' ဟင့်အင်း ၊ သူမပြောပေမဲ့ ငါသိတယ် Haechan '
' ဘာကိုလဲ '
' သူRenကို သိပ်ချစ်တာ ၊ မလိုအပ်ပဲ သူပေါက်ကွဲနေခြင်းရဲ့နောက်ကွယ်မှာ Renကို ချစ်တဲ့အချစ်တွေ ဘယ်လောက်များလဲ ငါသိနေတယ် Haechan '
' Jaeminမင်းမူးနေပြီ '
' ငါမမူးဘူးHaechan ၊ ငါအမှန်တွေပြောနေတာ ၊ Lee Min Hyungက Renကို ထမင်းခွံ့ကျွေးလိုက်တဲ့ အချိန်မှာ Jenoဖြစ်သွားတဲ့ရုပ်ကို ငါမင်းကိုပြချင်တယ် '
' သူRenjunကို ချစ်ကောင်းချစ်ခဲ့လိမ့်မယ် ၊ ဒါပေမဲ့ အခုအချိန်မှာ သူမင်းကိုချစ်ပါတယ် Jaemin '
' သူငါ့ကိုချစ်တယ် ၊ သူငယ်ချင်းလိုတော့ ဟုတ်လိမ့်မယ် ၊ ချစ်သူလိုတော့ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး ၊ အရင်ကလည်း မဟုတ်သလို အခုလည်းမဟုတ်ဘူး '
' အဲ့တော့ မင်းဘယ်လိုထင်လဲ Nana '
' Je… '
' Shuu Haechan '
' ငါကဘယ်လိုထင်ရမှာလဲကွ ၊ သူRenကို ချစ်တာ အသိသာကြီးကို ၊ မင်းပဲစဉ်းစားကြည့် ၊ ငါနဲ့လက်ထပ်မယ့်ကောင်က မင်္ဂလာခန်းဝင်ပစ္စည်းဝယ်တာတောင် Renjunစိတ်ကြိုက်ယူတာ ၊ ဒါလား သူငါ့ကိုချစ်တာ '
' Sorry Nana ၊ ငါလုပ်ရက်က မင်းကိုနာကျင်စေမယ်လို့ မတွေးမိခဲ့ဘူး '
' Haechan ah ! ငါကလေ Jenoပေးတဲ့ နာကျင်ခြင်းတွေနဲ့ အသားကျနေပြီးသားကောင်ကွ '
' မင်းမူးနေပြီ Jaemin '
' ဘယ်ကလာ ငါမူးရမှာလဲ ၊ မမူးဘူး '
KAMU SEDANG MEMBACA
Cerita PendekUnicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသက်ဝင်လှုပ်ရှားခဲ့တာ! #LeeJeno မင်းနှလုံးသားကို လုယူဖို့ ငါတစ်ခါမှမကြိုးစားခဲ့ဖူးဘူးJaemin! ကံကြမ္မာက...