💚 ၁၈ 💚

609 63 1
                                    

[ Unicode ]

' Renရော Nono '

ကော်ဖီခွက်အားကိုင်၍ ထွက်လာသည့် Nanaရဲ့အမေးအဆုံး Nanaကိုသာ ကျနော်မော့ကြည့်ဖြစ်သည် ။

' သူပြန်သွားပြီ '

' ဗြုန်းစားကြီး '

အံ့သြမှုတွေနဲ့ မေးစမ်းနေသည့် Nanaအား ကျနော်ခေါင်းကိုသာ ခါယမ်းပြလိုက်သည် ။

' ငါလည်းမသိဘူးNana ၊ တစ်ခါတစ်လေ Renက သိပ်နားလည်ရခက်တယ် ၊ သူဘာဖြစ်ချင်နေတယ် ဘာဖြစ်နေတယ်ဆိုတာကို ငါမသိဘူး '

စိတ်ပျက်စွာ ကျနော့်ညီးညူမှုအဆုံး ကော်ဖီခွက်အား စားပွဲပေါ်တင်ကာ Nanaဘေးမှာဝင်ထိုင်ရင်း…

' မင်းတို့အဆင်ပြေသွားပြီ မဟုတ်လား Nono '

' အင်း '

' အဲ့ဒါဆို Renက မင်းကိုစိတ်ခုနေစရာမှ မရှိပဲ '

' ငါလည်းမသိတော့ဘူး Nana ၊ Junနဲ့ပြေလည်အောင် ဘယ်လိုညှိရမယ်ဆိုတာ ငါလည်းမသိတော့ဘူး ၊ ငါသိတာ အဲ့ဒီလိုနဲ့ ငါနဲ့Junဝေးမသွားစေချင်ဘူး '

' အဲ့လိုမဖြစ်ပါဘူး Nono '

' အခုတလော Junက  Lee Min Hyungနဲ့ သိပ်တွဲလွန်းနေသလိုပဲ '

' ငါမင်းကိုမပြောခဲ့ဘူးလား Nono ၊ Lee Min Hyungကို ငါတို့လျော့တွက်လို့မရဘူးလို့ '

' ဒါပေမဲ့ Nana '

' မင်းစိတ်မပူပါနဲ့ Nono ၊ ငါရှိနေသရွေ့ မင်းဘာမှမဖြစ်စေရဘူးလို့ ငါကတိပေးတယ် '

' ငါတောင်းပန်ပါတယ် '

' ရတယ် ၊ ဘာမှမဖြစ်ဘူး ၊ ကဲ ထ Nono ၊ ရေသွားချိုးတော့ ထမင်းစားရအောင် '

' ငါမစားတော့ဘူး Nana ၊ မင်းပဲ '

' Nono ငါ့လက်တွေအပူလောင်ခံပြီး ငါချက်ပေးထားတဲ့ ထမင်းနဲ့ဟင်းတွေကို မင်းကတကယ်ဥပေက္ခာပြုမှာလား '

လက်အားဆုတ်ကိုင်ကာ Nanaချွဲနေပြန်တော့ ဘယ်လိုမှ ကျနော်ဥပေက္ခာမပြုရက် ။

Nanaကိုသာ ခပ်တွေတွေ ငေးကြည့်ပြီး ခေါင်းကိုအသာညိတ်ပြလိုက်သည် ။

 အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း { အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း }Donde viven las historias. Descúbrelo ahora