💚 ၁၀ 💚

717 72 3
                                    

Unicode...

မျက်နှာပြင်ပေါ် ကလူကျီဆယ်နေသည့် နေရောင်ခြည်နွေးနွေးတို့အား လက်ဖြင့်တားဆီးကာကွယ်ကာ မျက်လုံးတွေကို ဖွင့်ဟလိုက်သည် ။

နှာခေါင်းထဲတိုးဝင်လာသည့် လာဗင်ဒါနံ့ခပ်သင်းသင်း ။

နူးညံ့သည့် မွေ့ယာအခင်းတို့အား အထူးတလည် စမ်းသပ်နေမိတယ် ။

ဒီနေရာ ဒီအခင်းအကျင်းက Haechanအိမ်မှ မဟုတ်ပဲ ။

' နိုးရင်လည်း ထတော့ Na Jaemin '

အသံလာရာသို့ ကျနော်ကြည့်လိုက်တော့ ခန်းဆီးလိုက်ကာစတွေ ဆွဲကာဖွင့်နေသည့် Nono။

OMG Nonoအိမ်ကို ကျနော်ရောက်နေတာလား ။

' ငါပြောတာကြားလား Na Jaemin '

စိတ်မရှည်စွာ ထပ်မံထွက်ပေါ်လာသည့် အသံက ကျနော့်ကိုပြုံးရွှင်စေနိုင်သည် ။

နှုတ်ခမ်းပါးလေး လှုပ်ခတ်ကာ ပြုံးလိုက်ပြီး လှဲနေရာမှ ထထိုင်လိုက်သည် ။

' Nono '

' ကိုယ်လက်သန့်စင်ပြီးရင် ပြန်တော့ '

တုံးတိဖြတ်ချကာ အခန်းထဲမှ လှမ်းထွက်သွားလေပြီ ။

Nonoကအဲ့လိုလူစား ။

သူသဘောမကျရင် ဟန်ဆောင်ပြီးတောင် ပြုံးမပြနိုင်တာ ။

မျက်နှာသစ်ကာ သွားတိုက်နေရင်း ညကဖြစ်ရပ်တို့အား Recallပြန်ခေါ်နေမိသည် ။

ညကRenပြန်သွားတော့ ကျနော်တစ်ယောက်တည်း ဆက်ပြီးသောက်ဖြစ်သည် ။

တဖြေးဖြေးနဲ့ တက်လာသည့် Tempoတွေကြားက လူကခေါင်းပင်မထောင်နိုင်တော့ ။

Haechanကို ကျနော်ဖုန်းဆက်လိုက်တယ် ။

နောက်တော့ ဘာဖြစ်သွားလဲ ။

ကျနော်မသိတော့ဘူး ။

' Hello Jun ၊ ကိုယ်လာကြိုမယ်နော် '

ကြည်လင်ပြတ်သားစွာ ကြားနေရသည့် Nonoရဲ့အသံအား နံရံအကွယ်မှ ရပ်၍ကျနော် နားထောင်နေဖြစ်သည် ။

ကော်ဖီအားဖျော်ရင်း ပြုံးရွှင်နေသည့် Nonoမျက်နှာက ချစ်သူနဲ့ဖုန်းပြောနေသလိုပင် ။

 အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း { အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း }Where stories live. Discover now