💚၉💚

739 76 2
                                    

Unicode

📃 ညနေကျရင်တွေ့ရအောင် Ren📃

အခြားDepartmentမှ ကောင်လေးတစ်ယောက်နှင့် လမ်းကြုံထည့်ပေးလိုက်သည့် စာလေးအား ဖတ်နေစဉ် ဇက်ခနဲဆွဲလုခြင်း ခံလိုက်ရတာမို့ ဒေါသကထောင်းခနဲ ထသွားသည် ။

' ညနေကျရင်တွေ့ရအောင် Ren '

ခပ်တိုးတိုးရေရွတ်ရင်း မျက်နှာအား အသေအချာစိုက်ကြည့်နေသည့် Lee Jeno ။

လက်ထဲမှစာရွက်အား အလျင်အမြန် ပြန်လည်ဆွဲလုလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်သည် ။

' ဘယ်သူလဲ Jun '

' ငါ့ကိစ္စပါ '

' စာတစ်တန်ပေတစ်တန်နဲ့ ချိန်းတာကို အရေးတယူတွေးပြီး ပျော်နေရအောင် အဲ့ဒီ့လူက ဘယ်သူမို့လို့လဲ '

' အဲ့ဒါမင်းနဲ့ဆိုင်လို့လား Lee Jeno '

' Jun '

' မင်းနဲ့ငါ့ရဲ့ပတ်သတ်မှုက အခုအချိန်အထိ ဘာမှမရှိသေးဘူးLee Jeno ၊ ငါ့ရဲ့ကိုယ်ရေးကိုယ်တာတွေအထိ သိချင်ဖို့မင်းမကြိုးစားနဲ့ '

' ငါကြိုးစားရမယ်Jun ၊ ငါ့အတွက် သေချာလား မသေချာလား မရေရာတဲ့လမ်းကို လျှောက်ဖို့ ငါချစ်တဲ့မင်းမှာ ဖြစ်နေသမျှအရာတိုင်းကို သိဖို့ငါကြိုးစားရမယ် '

' Lee Jeno Please! ဒါ အလုပ်မှာဆိုတာဘေး သတိရပြီး ငါ့ကိုလူအထင်လွဲအောင် မလုပ်ပါနဲ့ '

' ငါကမင်းကိုသိပ်ချစ်တာ Jun '

' ငါ့ကိုချစ်ရင် ငါ့ကိုထိခိုက်အောင် မလုပ်နဲ့လေ '

' ငါ့အချစ်က မင်းကိုထိခိုက်စရာ ဖြစ်နေခဲ့တယ်ဆိုရင် ငါမင်းကိုတောင်းပန်တယ် Jun '

ပြောပြီးလှည့်ထွက်သွားတဲ့ Jenoအား လှမ်းတားလိုက်ချင်ပေမဲ့ မာနတို့က ခွင့်မပြု ။

အခြေအနေကြောင့် နှုတ်တွေဆွံ့အကုန်တာလည်း ဖြစ်နိုင်သည် ။

မင်းမကြည့်လို့ မသိတာပါ Jenoရာ ။

တကယ်တော့ ငါလည်းမင်းလိုပါပဲ ။

💚

ဖွင့်ပြီးကြည့်နေတဲ့ Laptop screenပေါ်က Designတွေအား လုံးဝကိုအာရုံမရောက် ။

 အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း { အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း }Where stories live. Discover now