💚၆💚

765 84 11
                                        

Zawgyi

Sofaပေါ်မှာ ဆောင့်ကြောင့်ထိုင်ကာ တို့ပေါက်တို့ပေါက်ရေရွတ်နေသည့် Injunကို ကြည့်၍ သဘောကျစွာ ကျနော်ကြိတ်ရယ်ဖြစ်သည် ။

အချစ်ဆိုတာ တကယ်တော့ ထူးဆန်းတဲ့အမျိုး ။

ကိုယ့်ကိုအလိုမရှိဘူးဆိုတဲ့သူကိုမှ စွဲလန်းစွာ ရူးသွပ်မိတာမျိုး ။

' မင်းမအိပ်သေးဘူးလား Lee Jeno '

ဆောင့်ကြီးအောင့်ကြီးနိုင်လှသောအမေးကြောင့် ကျနော်ပြုံး၍ခေါင်းခါပြလိုက်သည် ။

ကိုယ်ဒီတစ်ညလုံးမင်းကိုထိုင်ပြီးကြည့်မှာ Injun ။

' ကျစ် မင်း '

' ဘာလို့အလဟသစိတ်တွေတိုနေရတာလဲ Injun'

' ငါရေချိုးချင်နေပြီ Lee Jeno ။ ငါ့တစ်ကိုယ်လုံးလည်း စေးကပ်နေပြီ '

' ချိုးလေ ။ ဘာလဲ ကိုယ်ကလိုက်ချေးတွန်းပေးရမှာလား '

' Fuck '

ဆဲရေးတိုင်းထွာမှုနှင့်အတူ စာအုပ်တစ်အုပ်က ကျနော့်ရင်ဘတ်ဆီ ပျံဝဲ၍လာသည် ။

တော်တော်လက်ဖြောင့်တဲ့ ဖိုးစိတ်တိုလေးပဲ ။

' မင်းငါ့အခန်းထဲက အခုထွက် '

' မင်းအကိုကိုယ်တိုင် မင်းနဲ့အိပ်ဖို့ ငါ့ကိုခွင့်ပြုထားတာလေ Injun '

' Gegeခွင့်ပြုပေမဲ့ ကာယကံရှင် ငါမပြုဘူး '

' ခဏလေး အိပ်ယုံပါ Injunရာ ။ တွက်ကပ်မနေပါနဲ့ ။ မင်းရေချိုးမှာ မဟုတ်လား ။ သွားချိုးသွား '

' မင်းရှိနေတာကို ငါကဘယ်လိုလုပ်ချွတ်ရမှာလဲ '

' အော် Injunnieလေး စိတ်တိုနေတဲ့ အဓိကအကြောင်းတရားက အဲ့ဒါလား ။ ဒါများInjunရာ အတူတူပဲကို ဘာရှက်စရာရှိလဲ '

' Lee Jeno မင်းပေါက်ကရတွေ ဆက်ပြောနေမယ်ဆိုရင် ငါမင်းကို ဂုတ်ကဆွဲပြီး မောင်းထုတ်မှာ '

' လာလေ လာပါ Lee Jenoတို့က Huang In Junလုပ်မယ်ဆို ဘာလုပ်လုပ် ဒီလိုလေး ပြုံးပြီးခံမှာ '

 အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း { အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း }Where stories live. Discover now