Unicode💚
' ပိတ်ရက်ကြီး ဘယ်သွားမလို့လဲ Nono '
ပေါင်မုန့်ကိုမီးကင်နေရင်း လှမ်းမေးတဲ့ Nanaအား ကျနော်တစ်ချက်စိုက်ကြည့်လိုက်ပြီး ...
' Junဆီသွားမလို့ '
' အစောကြီးရှိသေးတာကို '
နာရီကိုမော့ကြည့်ကာ Nanaပြောသည်အား ကျနော်အရေးတော့မစိုက်ပါ ။
မျက်လုံးနှစ်လုံးဖွင့်တာနဲ့ Junမျက်နှာကို တွေ့ချင်နေတဲ့စိတ်က တားဆီးလို့မှမရပဲ ။
ဒါပေမဲ့ Nanaကိုလည်း သနားတယ် ။
ဘာအပြစ်မှမရှိပဲနဲ့ အချိန်တွေအကြာကြီး Nanaကို ကျနော်မုန်းတီးနေခဲ့တာလေ ။
' ငါပေါင်မုန့်မီးကင်ထားတယ် ၊ Coffeeပူပူလေးနဲ့ စားပြီးမှသွားလေ '
' မင်းပဲစားလိုက်တော့ '
' Nono ၊ ငါမင်းကိုတားနေတာမဟုတ်ဘူးလေ '
လက်မောင်းအား ချိတ်တွဲကာ ချွဲနေတဲ့ Nanaကြောင့် ကျနော်လေပူတွေသာ မှုတ်ထုတ်လိုက်သည် ။
' ငါပြင်ပေးတဲ့ ပထမဆုံး မနက်စားလေးစားပြီး မင်းချစ်တဲ့သူဆီသွားလေနော် '
ခေါင်းညိတ်ကာ ခုံမှာထိုင်ရပြန်သည် ။
' ရော့ Nono စား '
ပန်းကန်ပြားထဲထည့်ထားသည့် ပေါင်မုန့်မီးကင်အား Stawberryယိုသုတ်၍ ပေးသည် ။
' ကျေးဇူး '
' မင်းနဲ့ငါ့ကြားမှာ ကျေးဇူးမှမလိုပဲ Nono '
' မင်းလည်းစားလေ '
' ငါမှStawberryမကြိုက်တာ '
' အာ ဟုတ်သားပဲ '
Oh may be may be.........
' Junပြော '
' Jeno ah ! ငါဂင်မ်ချီကျီဂဲလုပ်ထားတယ် ၊ မင်းလာမှာလား '
' အင်း ကိုယ်အခုလာတော့မလို့ Jun '
' မင်းဘာစားချင်သေးလဲ '
' ဟင့်အင်း '
' တစ်ခုခု မရှိဘူးလား '
' မစဉ်းစားမိဘူး '
' ဒါဆို မင်းလာမှ ငါနဲ့အတူတူ ဈေးသွားဝယ်ကြမလား '
' ကောင်းသားပဲ ၊ Yuta Hyungတို့ကရော '
KAMU SEDANG MEMBACA
Cerita PendekUnicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသက်ဝင်လှုပ်ရှားခဲ့တာ! #LeeJeno မင်းနှလုံးသားကို လုယူဖို့ ငါတစ်ခါမှမကြိုးစားခဲ့ဖူးဘူးJaemin! ကံကြမ္မာက...