💚၇💚

782 89 4
                                    

Zawgyi

နေရောင်နွေးနွေးတို့က ခန်းဆီစအဖြူထက်ဆီ လွင့်လူးလျက်…

ကျေးငှက်တို့ရဲ့ သီကျုးသံက မည်သို့မည်ပုံ သာယာသည် ကျနော်မသိ ။

တစ်ညလုံး အိပ်ဖန်စောင့်နေသည်မို့ မိုးလင်းခါနီးမှ အိပ်ပျော်သွားတာ တရေးမှမနိုး ။

လက်တစ်ဖက်ဆီမှ အောင့်သက်သက် ခံစားမှုကြောင့် ကိုယ်ကိုလူးလွန့်ရင်း မျက်ဝန်းတို့အား အနည်းကျဉ်းဖွင့်လိုက်သည် ။

စူးခနဲဝင်ရောက်လာသည့် နေရောင်ကြောင့် ချက်ချင်းဆိုသလို ပြန်ပိတ်လိုက်ပြီး ဖြေးညှင်းစွာ ပြန်လည်ဖွင့်လိုက်မှ အဆင်ပြေသွားတော့သည် ။

ဖြူလွှလွှမျက်နှာကြတ်အား အဓိပ္ပာယ်မဲ့ ငေးစိုက်ကြည့်ရင်း နှာခေါင်းဖျားသို့ တိုးဝင်လာသည့် မွှေးရနံ့သင်းသင်းလေး ။

ခေါင်းလေးအနည်းငယ်ငုံ့လိုက်သည်နှင့် နှာသီးဝအား ထိခတ်နေသည့် နူးညံ့သည့် အမျှင်လေးတွေ ။

မဝံ့မရဲ ငုံ့ကာကြည့်လိုက်တော့ Oh My God!

Junရဲ့ခေါင်းလုံးလုံးလေးက ကျနော့်ရင်အုတ်ကျယ်ပေါ်မှာ ။

ဒါ ဒါဆို ကျနော့်လက်ရဲ့နာကျင်မှုက ။

အသာအယာလေး ဘယ်ဘက်လက်အား မြှောက်ကြည့်ပေမဲ့ လက်ဖဝါးသာ အနည်းငယ် ရုန်းကန်ထွက်လာသည် ။

တကယ်ကြီး Junက ကျနော့်ရင်ခွင်ထဲမှာပဲ ။

Oh My God ! သေလို့ရပြီ LEE JENO!

အုပ်မိုးမြင်နေရသည့် ဖြူနုတဲ့ JUNမျက်နှာလေးက ရင်ခုန်သံကို ဗြောင်းဆန်အောင် လှုပ်ခါနိုင်လွန်းသည် ။

ပိုးသားမျှင်အလား ပျော့ပျောင်းတဲ့ ဆံပင်အိအိလေးတွေရဲ့ အနားသတ် မှိတ်ထားသည့် မျက်အိမ်ဖောင်းဖောင်းလေးအောက် ကော့ညွှတ်နေသည့် မျက်တောင်လေးတွေကပဲ စိတ်ကိုအရိုင်းဆန်စေတာလား ။

ဘာလား ကျနော်မသိပေမဲ့ နီမြန်းစုထွေးနေတဲ့ နှုတ်ခမ်းသေးသေးလေးတွေကို နမ်းရှိုက်ချင်နေမိတာတော့ အမှန် ။

ရင်ခွင်ထဲမြှုပ်ဝင်နေသည့် ကိုယ်သေးသေးလေးအား နှစ်ဆတိုးကာ ပိုမိုတင်းကျပ်ဖက်တွယ်လိုက်ပြီး မျက်လုံးတို့အား မှိတ်ပစ်လိုက်သည် ။

 အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း { အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း }Tahanan ng mga kuwento. Tumuklas ngayon