💚 ၁၂ 💚

674 70 1
                                    

#Unicode

Oh May be~ may be

မနက်ခင်းချိန်ခါ၏ တိတ်ဆိတ်မှုအား ဖြိုခွင်းကာ နှိုးထစေသည်က Jeno၏ဖုန်းသာဖြစ်သည် ။

ဘေးနားရှိ Jenoအား လှည့်ကာကြည့်လိုက်တော့ နှစ်ခြိုက်စွာပင် အိပ်၍ပျော်နေတာမို့ တင်းကျပ်စွာ ဖက်ထားသည့် လက်တွေကြားမှ တွန်းထိုးကာ ဖုန်းအား လိုက်လံရှာဖွေဖြစ်သည် ။

' Hello '

' Jenoလား '

တစ်ဖက်မှထွက်လာသည်က ယောက်ျားလေးတစ်ယောက်၏အသံ ။

' ဘယ်သူလဲ မသိဘူး '

' Jenoဘယ်ရောက်သွားလဲ '

' Jenoအိပ်နေတယ် ခင်ဗျ '

' နှိုးလိုက်စမ်းပါ '

အမိန့်သံဆန်တဲ့ စကားအသွားအလာက လူကိုခံရခက်စေသည် ။

သူကဘာကောင်မို့လို့ ကျနော်ကနှိုးပေးရမှာလဲ ။

' အိပ်နေတယ်လို့ ပြောနေတယ်လေ '

' မင်းကဘာမို့လို့ ငါ့က်ိုအော်နေတာလဲ '

' ငါဘာကောင်လဲဆိုတာထက် မင်းဘာကောင်လဲဆိုတာ ငါပိုပြီးသိချင်မိတယ် '

' ငါ အဟက် ငါက Jenoချစ်သူလေ '

' မင်းခွေးစကားမပြောနဲ့ '

' ခံနိုင်ရည်ရှိအောင် ကြိုးစားစမ်းပါကွာ ၊ အဲ့ဒါက အမှန်တရားကွ ၊ မင်းအတွက် နည်းနည်းတော့ ခါးသက်ပေမဲ့ မင်းလက်ခံနိုင်ရမယ် '

' မဟုတ်ဘူး '

' ငါကဟိုးအရင်ကတည်းက Jenoချစ်ခဲ့ရတဲ့ အချစ်ဦး '

' မဟုတ်ဘူး '

' အချစ်ဦး မြေးဦးရတောင် မမေ့ဘူးတဲ့ ဟားဟား '

' မဟုတ်ဘူး '

' မဟုတ်ဘူး '

' Jun Jun '

ရင်ဘတ်အားလက်ဖြင့်ဖိကပ်ကာ လည်ဂုတ်မှသိုင်းဖက်ရင်း ခေါ်သံကြောင့် အိပ်မက်ဆိုးတို့မှ လန့်နိုးလာခဲ့တဲ့ ကျနော် ။

သက်ပြင်းမောတို့သာ အသာချမိတယ် ။

တော်ပါသေးရဲ့ တကယ်မဟုတ်ဘူးပဲ ။

' Junအဆင်ပြေလား '

' Jenoငါ့ကိုထားမသွားပါနဲ့ '

 အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း { အချစ် (သို့မဟုတ်) ရှုံးနိမ့်ခြင်း }Où les histoires vivent. Découvrez maintenant