[ UNICODE ]
' ကိုယ်တို့အတူတူသေလိုက်ကြရအောင် Jun '
' Jeno '
အလန့်တကြား Jenoလက်မောင်းကို တင်းနေအောင် ဆုတ်ကိုင်မိသည် ။
' ကြောက်လို့လား Jun ၊ ကိုယ်နဲ့အတူမသေရဲဘူးလား '
ပါးပြင်အား ဆုတ်ကိုင်ရင်း ပြောလာသည့် Jenoကြောင့် မျက်လွှာလေးချလိုက်စဉ် အနမ်းတစ်ခုက နှုတ်ခမ်းပါးဆီ အလည်ရောက်လို့လာသည် ။
ရေစက်တွေနဲ့အပြိုင် မရပ်မနားကျဆင်းနေသည့် အနမ်းတွေအား ငြင်းဆန်ဖို့ရာ ကျနော့်မှာ အင်အားတွေမရှိပါ ။
ဒါပေမဲ့ ကျနော်ငြင်းဆန်ရမယ် ။
' တော်လောက်ပြီ Lee Jeno '
ချိနဲ့နေတဲ့အင်အားတွေနဲ့ Jenoရင်ဘတ်အား တွန်းကန်ကာ ကျနော်ငြင်းဆန်လိုက်ပေမဲ့ Jenoက အပြုံးမပျက် ။
' မင်းငါ့ကိုမချစ်ပါဘူးလို့ ငြင်းချင်သေးလား Huang In Jun '
' ငါမင်းကိုချစ်ကောင်းချစ်လိမ့်မယ် ၊ ဒါပေမဲ့ ငါမင်းကိုဘယ်တော့မှ လက်မထပ်ဘူး Lee Jeno '
' Injun '
' Nono '
ဒုန်းခနဲဆိုသည့် အသံနှင့်အတူ ရေချိုးခန်းထဲပြေးဝင်လာသည့် Hyungနဲ့Jaeminကို မြင်မှ Jenoရှေ့မှ ပြေးထွက်ခဲ့ပြီး Hyungအား ဖက်တွယ်ကာ ငိုရှိုက်လိုက်သည် ။
' မင်းသိပ်တရားလွန်နေပြီ Lee Jeno '
ကျနော့်လက်အား ဖယ်ခွာကာ Jenoရှေ့ လျှောက်သွားသည့် Hyungရဲ့လက်အား အမိအရ ကျနော်လှမ်းဆွဲလိုက်သလို Jaeminကလည်း Jenoရှေ့မှ ကာ၍ပိတ်ရပ်နေသည် ။
' Jenoကို ထိဖို့မစဉ်းစားနဲ့ Lee Min Hyung '
' Na Jaemin ၊ Lee Jeno Junကို ဘယ်လိုလုပ်နေတယ်ဆိုတာ မင်းကန်းနေလို့ မမြင်လိုက်တာလား '
' မင်းHuang In Junကိုချစ်သလို ငါLee Jenoကို ချစ်တယ် Lee Min Hyung ၊ Injunကို ထိလို့ မင်းနာရင် Jenoကို ထိတာလည်း ငါနဲ့ငြိတာပဲ '
' Na Jaemin ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းရမလဲ မစဉ်းစားပဲ မင်းကပါ မီးလောင်ရာ လေပင့်နေတာပဲ '
' လက်ခုတ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ Lee Min Hyung ၊ မင်းရှေ့မှာ ကြောင်လေးလို ချစ်စဖွယ်လုပ်ပြနေတဲ့ Huang In Junက Lee Jenoကို ဘယ်လိုတွေလုပ်ထားလို Jenoဒီလိုဖြစ်နေတာလဲမှ မသိတာ ၊ စောစောက သူတို့အထဲမှာ ဘာဖြစ်ခဲ့သလဲ မင်းလည်းမသိနိုင်သလို ငါလည်းမသိနိုင်ဘူး Lee Min Hyung ၊ မင်းအတွက် Huang In Junက အမှန်တရားဖြစ်သလို ငါ့အတွက်လည်း Lee Jenoက အမြဲတမ်း မှန်နေမယ့် အမှန်တရားပဲ '
VOCÊ ESTÁ LENDO
ContoUnicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသက်ဝင်လှုပ်ရှားခဲ့တာ! #LeeJeno မင်းနှလုံးသားကို လုယူဖို့ ငါတစ်ခါမှမကြိုးစားခဲ့ဖူးဘူးJaemin! ကံကြမ္မာက...