နေဝင်ရီတရော အချိန်ဖြစ်တာမို့်
ပတ်ဝန်းကျင်က ရွှေလိမ္မော်ရောင်လွှမ်းခြုံထားခြင်းခံရသည်။ဆင်းရဲသားရပ်ကွက်ဟု အများသတ်မှတ်ခြင်းခံသော အဝန်းအဝိုင်းလေးတွင် အထပ်မြင့်တိုက်များကိုမတွေ့ရ။ သေးငယ်ကျဉ်းမြောင်းသော အိမ်ပုကလေးတွေသာ တစ်လုံးနှင့်တစ်လုံး နီးကပ်စွာတည်ရှိနေသည်။လမ်းဆုံတစ်နေရာမှ အိမ်လေးတစ်လုံးတွင်တော့
အိမ်အဝင်တံခါးပေါက်မှ လှေကားထစ်ကလေး၌ ငုတ်တုတ်ထိုင်နေသော အသက်ခြောက်နှစ်အရွယ် ကလေး တစ်ယောက်ရှိသည်။ မိဘတစ်ဦးဦးဆီမှ အမွေရထားဟန်တူသော ကလေး၏ အရပ်အမောင်းက ရွယ်တူကလေးတွေထက် အနည်းငယ်ပိုမြင့်နေသည်။ထိုကလေးလေးသည် ဒူးနှစ်ဖက်ကိုပိုက်ရင်း ဒူးပေါ်သို့ ခေါင်းမှောက်ကာ ငုတ်တုတ်ကလေးထိုင်နေသည်။သူ့ရဲ့ ဝဲဘက်ရင်အုံသည် စိတ်လှုပ်ရှားမှုတစ်ခုကြောင့် ပြင်းထန်စွာခုန်လှုပ်နေလျက် ရှိပြီး နှူတ်မှလည်း ဘုရားစာ တစ်ချို့ကို တတွတ်တွတ်ရွတ်ဆိုနေသေးသည်။"အုဝဲ!...အုဝဲ! "
မွေးကင်းစ ကလေးတစ်ယောက်၏ ငိုသံက
ဆူညံနေသော လူကြီးသံများအကြား စူးရှစွာထွက်ပေါ်လာသည်။လှေကားထစ်မှာ ထိုင်နေသော ကလေးသည် ခေါင်းထောင်ကာ တစ်ဖက်အိမ်ကို လှမ်း ကြည့်လိုက်သည်။သူ့ရဲ့ နှလုံးကလည်း ပိုပြီးပြင်းထန်စွာခုန်လာသည်။အုဝဲ အုဝဲဆိုသော အော်သံလေးက
ထွက်ပေါ်နေတုန်းဖြစ်သည်။လှမ်းနားထောင်နေသော ကလေး၏ နှူတ်ခမ်းတွေကလည်း ကွေးညွတ်ကာ ပြုံးလာသည်။တစ်နာရီလောက်အကြာမှာ
ကလေးထိုင်နေသော လှေကားထစ်အနားသို့ ခြေတစ်စုံ ရောက်ရှိလာသည်။" Sehun "
"ဟင်? မေမေ! "
Sehun အမည်ရသော ကလေး၏ မေမေ သည် ရှေ့တွင်ရပ်နေပြီး ရင်ခွင်ထဲတွင် အနှီးထုပ်ကလေးတစ်ခုကို ပိုက်ထားသည်။Sehun ရဲ့ မျက်လုံးလေးများက အနှီးထုပ်ဖြူဖြူကလေးကို စိတ်ဝင်စားသဖြင့် ပြူးကျယ်လာသည်။လှေကားထစ်တွင် ထိုင်နေရာမှ ထရပ်လိုက်ကာ သူ့ရဲ့မေမေအနားကိုတိုးသွားလိုက်သည်။
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...