ငယ့်အဖေရင်းနှင့် သူ၏သမီး ကျူးယွင်ယွင်တို့ ပေကျင်းသို့ မနက်ဖြန်ပြန်ကြမည်ဆိုသည်။ ငယ်သည် Sehun နှင့်အတူ ဤအိမ်ကြီးတွင်သာ ကျန်နေခဲ့ရပြီး တက္ကသိုလ်ကို ဆက်တက်ရလိမ့်မည်။ ငယ့်ကို စောင့်ရှောက်ဖို့ရာ အတွင်းရေးမှူး Kim ကိုလည်း ဒီမှာဘဲ ထားခဲ့မည်ဟု သူတို့ပြောနေကြတာ Sehun ကြားမိသေးသည်။
ယနေ့ညကတော့ သူတို့၏ အထုပ်အပိုးများကို ပြင်ဆင်သိမ်းဆည်းခြင်းဖြင့် ကိုယ်စီအလုပ်များနေကြသည်။ Sehun သည်လည်း ကျူးယွင်ယွင်၏ အမိန့်ဖြင့် သူမ အလိုရှိတာများကို အပြင်မှဝယ်ပြီး ပြန်လာခဲ့သည်။
အပေါ်ထပ်တွင် ငယ့်အခန်းနှင့် Sehun ရဲ့အခန်းက ကပ်လျက်ဖြစ်ပြီး သူမ နေသောအခန်းက Sehun့ အခန်း၏ မျက်စောင်းထိုးမှာဖြစ်သည်။ ပစ္စည်း တွေကို ပေးရန် Sehun တံခါးကိုခေါက်လိုက်သည်။
"တံခါးလော့မချထားဘူး ဝင်ခဲ့လိုက်"
အခန်းထဲတွင် သူမသည် မှန်တင်ခုံရှေ့၌ ခြေ ချိတ်ကာ ထိုင်နေပြီး ရေချိုးပြီးစဖြစ်ဟန်တူကာ Bathrobe တစ်ထည်ကိုသာ ကိုယ်မှာဝတ်ထားလေသည်။
"အဲ့တာတွေ ဟိုစားပွဲပေါ်တင်ထားလိုက်ပါ "
မှန်ထဲမှ တဆင့် လှမ်းကြည့်ပြီးပြောတာကြောင့် Sehun က စားပွဲတစ်လုံးပေါ် တင်ထားပေးလိုက်သည်။ ပြီးတာနှင့် ပြန်လှည့်ထွက်မည်လုပ်တဲ့အခါ သူမက လှမ်းခေါ်ပြန်သည်။
"Sehun "
ထိုင်ခုံမှ ထကာ Sehun ရှိရာဆီ လှည့်ရပ်လာတဲ့သူမဟာ မလုံ့တလုံဖြစ်နေတာကြောင့် Sehun က သူမကို တည့်တည့်မကြည့်။ ခန္တာကိုယ်က တစ်စောင်းထားကာ မျက်လုံးကို အောက်စိုက်လျက် ရပ်နေပေးလိုက်သည်။
သူမက ပြောလာသည်။
"ရှင် ပေကျင်းကို မလိုက်တော့ဘူးပေါ့ "
"ဟုတ်တယ် "
"ဘာလို့လဲ? ရှင့်ညီလေး မပါလို့လား?"
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...