"ဒီနေ့ ညစာအတွက် တစ်ခုခုစားချင်တာရှိလား ငယ် ... ... "
"အင်းးး....အမဲသား?! "
လက်ညှိုးလေးတစ်ချောင်းကို မေးမှာထောက်၊
မျက်လုံးလေးကို ထောင့်ကပ်ပြီး အထက်သို့်  လှန်ငေးကာ အင်းးး သံရှည်ဆွဲပြီးမှ အကျယ်ကြီးအော် ဖြေလိုက်သော LuHan ၏ စကားအဆုံးမှာ ကိုကိုက သဘောတကျရယ်သည်။ကိုကိုက LuHan သိပ်ချစ်သော သွားစွယ်ကလေးတွေပေါ်လာအောင်ထိ အသံထုတ်ရယ်လိုက်ပြီး လမ်းလျှောက်နေရာက ခြေစုံရပ်သည်။LuHan၏ မှိုအုပ်ဆံပင်လုံးလုံးလေးကို လက်ချောင်းတွေနဲ့ထိုးကာဖွသည်။
ကျောင်းသွားဖို့ သေချာပြင်ဆင်လာတဲ့ LuHan က ကိုကို့လက်တွေကို ဆူပုတ်ပုတ်နဲ့ ဖယ်ထုတ်ကာ သပ်ရပ်အောင်ပြန်ပြင်တော့ ကိုကိုက ပြုံးကာကြည့်ရင်း LuHan ရဲ့ ပါးအိအိလေးကို နီသွားအောင် ဆွဲသည်။ ပြီးနောက် LuHan ၏ ပခုံးနှစ်ဖက်ပေါ် ကို လက်တင်ထားရင်း LuHan ရဲ့ မျက်နှာနှင့်အညီဖြစ်အောင် ငုံ့ကြည့်ကာ
"အမဲသား စားချင်တာလား? "
"ဟုတ် .. ကိုကိုနဲ့တူတူ! "
" အတူတူလား? "
"အွန်းလေ..ကိုကိုကလည်း.. တစ်ယောက်ထဲမစားချင်ပါဘူး..ကိုကိုနဲ့ အတူတူစားမှာ..နော်..နော်.. "
"အင်းးး...ဒါဆို ညကျ ကိုကို အလုပ်ကနေ အစောပြန်ခဲ့မယ်..နောက်ပြီး ငယ် စားချင်တာလည်းဝယ်ခဲ့မယ် "
Sehun အနေနှင့် ယခုထိအလုပ်တစ်ရက်မှ မပျက်ဖူးသေးသည်မို့ တစ်ညတစ်လေ အိမ်စောပြန်တာတော့ ရလောက်မည်ထင်ပါသည်။
"ဒါဆို ကျနော် သွားပြီ ကိုကို "
ကျောပိုးအိတ်ကို လက်တစ်ဖက်ကကိုင်၊
နေရာမှာရပ်ကျန်နေခဲ့တဲ့ ကိုကို့ကို လက်တစ်ဖက်က တာ့တာလုပ်ပြရင်း လှမ်းမြင်နေတဲ့ ကျောင်းဂိတ်တံခါးဆီ LuHan လျှောက်လာခဲ့သည်။ ဒီနေ့တော့ LuHan တို့ အိမ်ကထွက်လာတာ နောက်ကျသည်ထင်။ ကျောင်းတက်လုပြီမဟုတ်လား။ နောက်ပြီး ကျောင်းဝန်းကျင်မှာကလည်း ကားအနက်ပြောင်ပြောင်တစ်စီးကလွဲ ရှင်းနေသည်မို့ LuHan သွက်သွက်လျှောက်လိုက်သည်။
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...