အရာအားလုံးပြီးဆုံးသွားပြီ။
ကမ်းခြေက ပြန်လာပြီး Jun-myeon Hyung က ဆေးရုံကို ခေါ်သွားပေးခဲ့သည်။ မဆိုးရွားတဲ့ ရောဂါအခြေအနေအရ LuHan ဆေးရုံမတက်ဘဲ ကုလည်းအဆင်ပြေနိုင်သည်။ သူတို့ချိန်းတဲ့အချိန်သာ ပုံမှန်စစ်ဆေးရုံနှင့် ပေးသောဆေးသာ ပုံမှန်သောက်ရုံ။
ပြန်လာပြီးတစ်ပတ်အတိရှိပြီ။
ကိုကိုကတော့ အိမ်တွင်မရှိပါ။ မရှိတဲ့အကြောင်းရင်းကို သိနေတာမို့ Jun-myeon Hyung ကိုလည်း အထူးတလည်မမေးတော့ပါ။ ကိုကိုက LuHan့ ကို မြင်ချင်မှာတောင် မဟုတ်တော့ဘူးလေ။ အိမ်မှာ ဘယ်နေလိမ့်တော့မလဲ။ကမ်းခြေကကိစ္စကိုသိပြီး လာတွေ့ခဲ့သေးတဲ့ မင်ယော့က ကိုကို့ကို ရောဂါအကြောင်းရှင်းပြဖို့လုပ်သည်။ LuHan နဲ့မဆိုင်တဲ့အကြောင်းရယ်။ LuHan မသိဘဲ သူတစ်ယောက်တည်း လိမ်ညာလှည့်စားခဲ့တဲ့အကြောင်းရယ်ကို ကိုကို့ကိုရှင်းပြလိုက်မည်ဟု ပြောသည်။
သို့ပေမယ့် အခြေအနေတွေက လွန်ကျူးကုန်ပြီ။LuHan ကိုယ်တိုင် ကြံစည်သည်မဟုတ်သော်လည်း အဲ့သည့်ညက ထားခဲ့မှာကြောက်တဲ့ LuHan က ကိုကို့ကိုဖွင့်မပြောဘဲ ဝှက်ထားခဲ့သည်မဟုတ်လား။ LuHan့ အမှားလည်း မကင်း။ ဒါ့ကြောင့် LuHan ထပ်ပြီးဝင်မစွက်ဖက်ဖို့ သူ့ကိုတားခဲ့သည်။ ရှင်းပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ကိုကိုက LuHan့ ဆီပြန်လာတော့မှာမဟုတ်ဘူးလေ။
ဒီလိုနဲ့ ကိုကို မတိုက်လျှင်မသောက်တတ်တဲ့ ဆေးတွေကို နှစ်ခါလောက်အန်ပြီး အတင်းကျိတ်မှိတ် သောက်လိုက်၊ ပြီးရင် ဆေးရှိန်နဲ့ အိပ်ပျော်သွားလိုက်နှင့် LuHan ရဲ့ နေ့ရက်တွေ ကုန်ဆုံးလာသည်။ ပုံမှန်အခြေအနေနဲ့လားဆိုတော့ မဟုတ်။ လူသေကောင်နဲ့ မခြားတဲ့ အခြေအနေမျိုးနှင့်သာ။
ဒါပေမယ့် ပြီးဆုံးသွားပြီထင်တဲ့ ကိစ္စတွေက LuHan ရဲ့ရှေ့ကို ကိုကိုနောက်တစ်ခေါက်ပြန်ပေါ်လာခြင်းမှ အစပြုလေပြန်သည်။ အဲ့ဒီနေ့က LuHan ရဲ့ ဖေဖေလည်း တရုတ်ကနေ ပြန်ရောက်နေခဲ့သည်။
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...