Part-28

3K 498 76
                                    

နှစ်​ဦးတည်းသွားချင်​ပါတယ်​ဆို​သော ​တောင်းဆိုမှုအရသာ လွှတ်​လိုက်​ရသည်​။ စိတ်​က မချနိုင်​။ Sehun နဲ့ ​ပြေလည်​တာက ဘယ်​​နှရက်​မှကြာ​သေးသည်​မဟုတ်​။ ​တော်​ကြာ အ​ဝေး​ရောက်​​နေတုန်း က​လေးကို ထပ်​ပြီးစိတ်​ထိခိုက်​​အောင်​ လုပ်​​နေရင်​လို့​တွေးပြီး စိတ်​ပူရသည်​။

ကား​လေး ခြံပြင်​ထွက်​သွားသည်​အထိကို မျက်​စိတစ်​ဆုံးရပ်​ကြည့်​​နေမိချိန်​ နံ​ဘေးသို့ Argima ​ရောက်​လာသည်​။

"ဘာလို့ LuHan​လေးကို Sehun နဲ့နှစ်​​ယောက်​တည်း ​ပေးလွှတ်​လိုက်​ရတာလဲ? "

ကြည့်​ရတာ​တော့ သူ့လိုဘဲ Argima သည်​လည်း စိတ်​ပူ​နေသည်​ထင်​။

"အဆင်​​ပြေကြမှာပါ "

"ဘာကို အဆင်​​ပြေမှာလဲ? ဟိုတစ်​​နေ့ကလိုသာ ဖြစ်​ရင်​​တော့... "

နံ​ဘေးကိုလှည့်​ကြည့်​မိ​တော့ Argima က ​ခေါင်းငုံ့ကာ ​စကားကိုဆက်​မ​ပြော။

"ဘယ်​​နေ့ကလိုလဲ? "

" ဟင်​? "

ထပ်​ပြီး ​ပြောရခက်​သလိုအမူအယာမျိုးနှင့်​ တစ်​​ယောက်​တည်းပြာယာခတ်​​နေတာကို ​တွေ့လိုက်​ရတာမို့ သူ စိတ်​ထင့်​သွားသည်​။

"Argima! ဘယ်​​နေ့က ဘာဖြစ်​ခဲ့လို့လဲ? "

" ငါ .. ငါ မြင်​ခဲ့တာ "

" ဘာကိုလဲ?! "

........

LuHan တို့ ကမ်း​ခြေကို​ရောက်​​တော့ အချိန်​ကား ည​နေ ။ ကျယ်​​ပြောတဲ့ ပင်​လယ်​ပြင်​ဟာ မျက်​စိတဆုံး။ ​လိ​မ္မော်​ရောင်​​​​နေလုံးမှာ ပင်​လယ်​ထဲသို့ တစ်​ဝက်​တိတိနစ်​မြှုပ်နေလျက်​သား။ သဲ​သောင်​ပြင်​တ​လျှောက်​တွင်​လည်း ​အပန်း​ဖြေသူ က​လေး၊ လူကြီးကျားမစုံလင်​စွာနှင့်​ စည်​ကား​နေဆဲဖြစ်​သည်​။

ဟိုတယ်​အခန်းက အစ တခြားတခြား​သောဝန်​​ဆောင်​မှုအဆုံး အတွင်း​ရေးမှူးKim ရဲ့ ညွှန်​ကြားထားမှုနဲ့ အကုန်​အဆင်​သင့်​ရှိ​နေပြီးသားမို့ စိတ်​ပူစရာမလို။

ရောက်​ကတည်းက ​သောင်​ပြင်​​ပေါ် ယှဉ်​တွဲလမ်း​လျှောက်​​နေသည်​က ယူထား​သောဟိုတယ်​အခန်းနှင့်​ အ​တော်​​ဝေးလာသည်​အထိ ​ရောက်​လာသည်​။ ​ပျော်​မြူး​အော်​ဟစ်​​နေ​သော ခရီးသွား​ဧည့်သည်​​တွေရဲ့ အသံ​က အ​ဝေးမှာကျန်​ခဲ့ပြီး လှိုင်းတဝုန်းဝုန်းရိုက်​သံနှင့်​ ​လေတဟူးဟူးတိုက်​သံ​တွေကိုသာ ကျယ်​​လောင်​စွာကြား​နေရသည်​။

Best Worst Where stories live. Discover now