Sehun ညနေ မိုးချုပ် Workshop မှ ပြန်ခါနီးတွင် အလုပ်ရှင်ဆီမှ လစာသွားထုတ်ရသည်။ တစ်လစာအပြင် ဘောနပ်စ်တစ်ချို့ပါ ရသည်မို့ Sehun ညီငယ်လေးအတွက် နာရီတစ်လုံးလောက် ဝယ်ဖို့လည်း ကြိုတွေထားမိသည်။
ကျောင်းကသွားတဲ့ အပျော်ခရီးမှာ မလိုက်ဖြစ်ခဲ့တဲ့ညီငယ့်အတွက် Sehun ကိုယ်တိုင် သူနှင့်အတူ ခရီးတစ်ခုလည်းထွက်ချင်သေးသည်။မေမေထွက်သွားကတည်းက Sehun ရော ၊ ညီငယ်လေးပါ အပျော်ခရီးရယ်လို့ မထွက်ဖြစ်ကြဘူးလေ။
အခုခရီးအတူသွားမယ်စဉ်းစားပြန်တော့လည်း ခက်တာက Sehun ရဲ့ တစ်ရက်တာက အချိန်ပြည့် အလုပ်ဆက်နေတာရယ်၊ အလုပ်နှစ်ခုလုံးဆီက ပိတ်ရက်ရှည်မရနိုင်တာရယ်မို့ ခရီးထွက်ဖို့က တော်တော်နှင့် စီစဉ်ဖြစ်မည်မထင်ပါ။ သို့သော် ညီငယ်လေးရဲ့ ကျောင်းပိတ်ရက်နဲ့ တိုက်ပြီး သွားဖြစ်အောင်တော့ Sehun ကြိုးစားပါဦးမည်။
သူဌေးထုတ်ပေးသော လစာငွေကို အိတ်ထဲထည့်သိမ်းပြီး ပြန်မည်အလုပ်မှာ သူဌေးက ရုတ်တရက်ခေါ်၏။
"Sehun "
"ဟုတ်ကဲ့ သူဌေး "
"ပြောမလို့မေ့နေတာ..မနက်က မင်းမလာခင်လေး လူတစ်ယောက်လာရှာတယ် "
"ဗျာ? ကျနော့်ကို လာရှာတာလား? "
"ဟုတ်တယ်..ငါလည်း ခဏထိုင်စောင့်ပါဦး လို့ ပြောပေမယ့် သူက ချက်ချင်းပြန်သွားတာ "
"သြော်..ဘယ်သူဆိုတာ မေးကြည့်ဖြစ်သေးလား? သူဌေး "
"ဒီမှာ..သူ့ ကတ်ပေးခဲ့တယ်..မင်းကို ဖုန်းဆက်ပါတဲ့ "
သူဌေးပေးသော ကတ်ပြားလေးတစ်ခုကို Sehun ယူကြည့်လိုက်တော့ အပေါ်တွင် ရေးထိုးထားသည့်နာမည်ကား Kim Jun-myeon ...ဘေးမှာက Sehun နားမလည်တဲ့ သူ့အလုပ်အကိုင်ဖြစ်ပြီး အောက်မှာက Sehun ကြားဖူးတဲ့ နာမည်ကြီး ကားကုမ္ပဏီတစ်ခုရဲ့ နာမည်ဖြစ်သည်။
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...