Part-25

3K 502 62
                                    

"ဒါက​ရော ဘာ​တွေဖြစ်​ခဲ့တာတုန်း​ဗျာ? "

ဒေါသကိုထိန်းထားသည့်​ဆူပူညည်းငြူသံအဆုံး ​နံ​ဘေးမှာရပ်​​နေ​သော Argima ကအပြစ်​ရှိသူတစ်​ဦးလို ​ခေါင်းကိုပိုငုံ့သွား၏။

သုံးရက်​ခရီးဆို​ပေမယ့်​ နှစ်​ရက်​နဲ့အလုပ်​ပြီးလို့ စက်​ရုံက​နေအမြန်​ပြန်​လာခဲ့၍ ​တော်​​တော့သည်​။ ​သေချာဂရုစိုက်​ပါလို့မှာထားခဲ့​လျက်​နှင့်​ သူ ပြန်​​ရောက်​​ရောက်​ချင်း ​တွေ့ရသည့်​ က​လေးရဲ့ပုံစံက အိပ်​ယာထဲလဲလျက်​။

"ဒီ​လောက်​ဆိုးဆိုးဝါးဝါးဖြစ်​တာကို ကျ​နော့်​ဆီ ချက်​ချင်းဖုန်းဆက်​သင့်​တာ​ပေါ့ "

" ဆက်​မလို့ဘဲ​လေကွယ်​..LuHan​လေးက မှ မဆက်​ခိုင်းတာကို မင်းအလုပ်​ပျက်​မှာစိုးလို့တဲ့ ဘာမှမ​ပြောနဲ့ဆိုပြီး"

ဆေး​သောက်​ပြီးအိပ်​​​ပျော်​​နေတဲ့ က​လေးက နှုတ်​ခမ်းတစ်​ခုလုံးဖြူစုတ်​​နေသည်​။ လည်​ပင်းမှာလည်း ပလာစတာအကြီးကြီးကပ်ထားလျက်​​ဖြင့်​။ တစ်​ကိုယ်​လုံး ကိုယ်​ကျစ်​ကျစ်​​တောက်​ပူ​နေပြီး ဒီလိုဖြစ်​တာလည်း နှစ်​ရက်​ရှိ​လေပြီဟုသိရသည်​။

"Sehun က​ရော ဘယ်​မှာလဲ? က​လေး ဒီ​လောက်​ဖြစ်​​နေတာ​တောင်​ သူက အိမ်​ပြန်​မလာဘူးလား! "

က​လေးကို သည်းသည်းလှုပ်​ချစ်​တာ နှစ်​​ယောက်​မရှိသည့်​ Oh Sehun တစ်​​ယောက်​ သူ့ညီ အခုလို​နေမ​ကောင်းတဲ့အချိန်​ ဘယ်​ကို​ရောက်​​နေသလဲ သူ တကယ်​သိချင်​သည်​။ တကယ်​ဘဲ Oh Sehun ဘာ​တွေဖြစ်​​နေတာလဲ။

"အတွင်း​ရေးမှူးKim မင်း ​ခရီးထွက်​သွားတဲ့​နောက်​တစ်​ရက်​ Sehun က အိမ်​ပြန်​လာတယ်​​။ သူ့ဟာသူပြန်​လာတာ​တော့မဟုတ်​ဘူး..အဲ့ညက LuHan​လေးကို အဆက်​အသွယ်​မရလို့ သူ့ကိုရှာခိုင်းခဲ့တာ ပြီး​တော့ သူတို့စကားများကြတယ်​လို့ထင်​တယ်​ ​နောက်​ပြီး..အဲ့..အဲ့ညက..  "

အိပ်​​ပျော်​​နေတဲ့ LuHan ကိုကြည့်​လိုက်​၊
လက်​​ချောင်း​တွေကို ဆုပ်​နယ်​လိုက်​နဲ့ တွန့်​ဆုတ်​​နေ​သော Argima ကို သူစိတ်​မရှည်​​တော့။

Best Worst Where stories live. Discover now