Part-1

12.7K 865 124
                                    

နေဝင်​ရီတ​ရော အချိန်​ဖြစ်​တာမို့်
ပတ်​ဝန်းကျင်​က ​ရွှေလိ​မ္မော်​​ရောင်​လွှမ်းခြုံထားခြင်းခံရသည်​။ဆင်းရဲသားရပ်​ကွက်​ဟု အများသတ်​မှတ်​​ခြင်းခံ​သော အဝန်းအဝိုင်း​လေးတွင်​ အထပ်မြင့်​တို​က်​​များကိုမ​တွေ့ရ။ ​သေးငယ်​ကျဉ်း​မြောင်း​သော အိမ်​ပုက​လေး​တွေသာ တစ်​လုံးနှင့်​တစ်​လုံး နီးကပ်​စွာတည်​ရှိ​နေသည်​။

လမ်းဆုံတစ်​​နေရာမှ အိ​မ်​​လေးတစ်​လုံးတွင်​​တော့
အိမ်အဝင်​​​​တံခါး​ပေါက်​မှ ​လှေကားထစ်​က​လေး၌ ငုတ်​တုတ်​ထိုင်​​နေ​သော အသက်​​ခြောက်​နှစ်​အရွယ်​ ​က​လေး​ တစ်​​ယောက်​ရှိသည်​။ မိဘတစ်​ဦးဦးဆီမှ အ​မွေရထားဟန်တူ​​သော က​လေး၏ အရပ်​အ​မောင်းက​ ရွယ်​တူက​လေး​တွေထက်​ အနည်းငယ်​ပိုမြင့်​​နေသည်​။ထိုက​လေး​လေးသည်​ ဒူးနှစ်​ဖက်​ကိုပိုက်​ရင်း ဒူး​ပေါ်သို့ ​ခေါင်း​မှောက်​ကာ ​ငုတ်​တုတ်​က​လေးထိုင်​​နေသည်​။သူ့ရဲ့ ဝဲဘက်​ရင်​အုံသည်​ စိတ်​လှုပ်​ရှားမှုတစ်​ခု​ကြောင့်​ ပြင်းထန်​စွာခုန်​လှုပ်​​နေလျက်​ ရှိပြီး နှူတ်​မှလည်း ဘုရားစာ တစ်​ချို့ကို တတွတ်​တွတ်​ရွတ်​ဆို​နေ​သေးသည်​။

"အုဝဲ!...အုဝဲ! "

မွေးကင်းစ က​လေးတစ်​​ယောက်​၏ ငိုသံက
ဆူညံေ​န​သော လူကြီးသံများအကြား စူးရှစွာထွက်​​ပေါ်လာသည်​။လှေကားထစ်​မှာ ထိုင်​​နေ​သော ​က​လေးသည်​ ​ခေါင်း​ထောင်​ကာ တစ်​ဖက်​အိမ်​ကို လှမ်း ကြည့်​လိုက်​သည်​။သူ့ရဲ့ နှလုံးကလည်း ပိုပြီးပြင်းထန်​စွာခုန်​လာသည်​။

အုဝဲ အုဝဲဆို​သော ​အော်​သံ​လေးက
ထွက်​​ပေါ်​​နေတုန်းဖြစ်​သည်​။လှမ်းနား​ထောင်​​နေ​သော ​ကလေး၏ နှူတ်​ခမ်း​တွေကလည်း ​ကွေးညွတ်​ကာ ပြုံးလာသည်​။

တစ်နာရီ​လောက်​အကြာမှာ
က​လေးထိုင်​​နေ​သော ​လှေကားထစ်အနားသို့ ​​ခြေတစ်​စုံ ​ရောက်​ရှိလာသည်​။

" Sehun "

"ဟင်​? ​​မေ​မေ! "

Sehun အမည်ရေ​သာ က​လေး၏ ​မေ​မေ သည်​ ​ရှေ့တွင်​ရပ်​​နေပြီး ရင်​ခွင်​ထဲတွင်​ အနှီးထုပ်​က​လေးတစ်​ခုကို ပိုက်​ထားသည်​။Sehun ရဲ့ မျက်​လုံး​လေးများက အနှီးထုပ်​ဖြူဖြူက​လေးကို စိတ်​ဝင်​စားသဖြင့်​ ပြူးကျယ်​လာသည်​။လှေကားထစ်​တွင်​ ထိုင်​​နေရာမှ ထရပ်​လိုက်​ကာ သူ့ရဲ့​မေ​မေအနားကိုတိုးသွားလိုက်​သည်​။

Best Worst Where stories live. Discover now