Part-24

3.1K 527 76
                                    

ဧပြီလ ၁၂ ရက်​​နေ့။

ဒီ​နေ့က ကိုကို့​မွေး​နေ့။

"Happy Birthday ကိုကို
မွေး​နေ့ပွဲကျင်းပဖို့ ကျ​နော်​ အိမ်​မှာ​စောင့်​​နေမယ်
မြန်​မြန်​ပြန်​လာခဲ့​နော်​ "

မနက်​ကတည်းက ပို့ထားတဲ့စာက ည​နေ​ရောက်သည်​​ထိတိုင်​ Seen မပြ​သေး​သော်​ငြား LuHan က​တော့ အဆင်​သင့်​ပြင်ဆင်ပြီး ​​ထိုင်​​စောင့်​​နေခဲ့သည်​။

အတွင်း​ရေးမှူးKim နှင့်​အတူ စက်​ရုံခရီးကို မလိုက်​သွားဖြစ်​။ အ​ကြောင်းပြချက်​ကမူ ကိုကို့​မွေး​နေ့ရှိ​နေ၍ဟု​ပေးလိုက်​သည်​။မွေး​နေ့ပွဲကျင်းပဖြစ်​​လောက်​တဲ့ထိ Sehun နဲ့ LuHan အ​ဆင်​မ​ပြေတာသိ​တာ​ကြောင့်​ အတွင်း​ရေးမှူးKim က  LuHan ကို မထားခဲ့ချင်​​သော်​ငြား ဆန္ဒရှိသည့်​အတိုင်း အိမ်​ပြန်​ပို့​ပေးခဲ့ရသည်​။အတွင်း​ရေးမှူးKim ကိုယ်​တိုင်​က​တော့ စက်​ရုံကိစ္စ မသွားမဖြစ်​တာ​ကြောင့်​ တစ်​ဦးတည်းခရီးထွက်​သွားခဲ့သည်​။

"Argima .. ဖ​ယောင်းတိုင်​​လေး နည်းနည်း​လောက်​ထပ်​​ပေးပါဦးလား?  "

စားပွဲ​ပေါ်တွင်​ သုံးထပ်​ ​မွေး​နေ့ ကိတ်​မုန့်​ကြီးကို အဆင်​သင့်​ချထားပြီး ဖ​ယောင်းတိုင်​​ ​​သေး​သေး​လေး​တွေ အဝိုင်းလိုက်​ထိုးစိုက်​ရင်းအလုပ်​များ​နေ​​သော LuHan ရဲ့အနားသို့ Argima က ​ရောက်​လာသည်​။

"​ရော့ သား "

"Argima ​ရေညှိဟင်းချို​လည်း ​နွှေးထား​ပေးပါဦး ..​အေး​နေပြီမလား?  "

"​နွှေးထားပြီးပါပြီကွယ်​..
Sehun က မလာ​သေးဘူးလား သားရဲ့ "

အိမ်​​ပေါက်​ဝကိုလှမ်း​ငေးကြည့်​လျက်
Argima က ​မေးလာသည်​။

မေးလည်း ​မေးချင်​စရာ။ မနက်​ကတည်းက LuHan က ကိုကို့​မွေး​နေ့လို့​ပြောပြီး ဟင်း​တွေချက်​ခိုင်း၊ ကိတ်​မုန့်​ရှာဝယ်​၊ အဲ့တာ​တွေအပြင်​ ဧည့်​ခန်းတစ်​ခုလုံးကိုပါ ​ပူ​ဖောင်း​တွေချိတ်​ရမလားဆိုပြီး ပူ​ဖောင်းထိုင်​မှုတ်​​ခိုင်း​သေးတာ​ကြောင့်​ သူမကိုယ်​တိုင်​လည်း ဘယ်​အချိန်​​ရောက်​လာမယ်​မှန်းမသိ​သော Sehun ကို ​တ​မျှော်​​မျှော်​ဖြစ်​​နေ​​လေသည်​​။

Best Worst Where stories live. Discover now