"Sehun က အခု ဒီအိမ်မှာ နေနေတာလား? "
"အင်း..ဟုတ်တယ် အိမ်ထဲဝင်ဦးလေ "
"ဟာ..တော်ပါပြီ။ Sehun ကျန်ခဲ့တဲ့ အဝတ်တွေ လာပေးရုံပေးတာ ရော့ "
ကမ်းပေးသော မိမိရဲ့အဝတ်အိတ်ကို လှမ်းယူလိုက်သည်။ ခြဲံအဝင်ဝမှာတင် ရပ်စကားပြောနေကြသည်ဖြစ်ရာ သူမက Sehun ကိုကျော်ပြီး နောက်က အိမ်ကြီးကိုလည်း လှမ်းအကဲခတ်၏။
"Sehun ရဲ့ ငယ်လေးရော ဒီမှာ တူတူနေတာမလား? "
"အင်း "
"ကြည့်ရတာ ကလေးက စိတ်ဆိုးပြေသွားပြီထင်တယ် ဟုတ်တယ်မလား? "
"အဟင်း "
မတင်မကျရယ်သံကို သူမက မျက်လုံးမှေးကာကြည့်လာသည်။
"Sehun က လူကြီးလေ နည်းနည်းအလျှော့ပေးပေါ့ မချစ်တာလည်းမဟုတ်ဘဲ "
နောက်ဆုံးစကားမှာ သူမက Sehun နားမလည်သောအမူအရာဖြင့် ပြုံးစိစိ။ Sehun က မျက်မှောင်ကုတ်ကာကြည့်တော့ သူမက လုပ်ကြံချောင်းတစ်ချက်ဟန့်သည်။
"အဟမ်း! ငါ သိပါတယ်ဟ "
"ဘာကိုသိတာလဲ? "
"အဲ! ထုတ်ပြောရမှာလား? "
မဟုတ်သေးပါဘူး။ ဘာလို့ သူမရဲ့ပုံစံက တစ်မျိုးဖြစ်နေရတာလဲ။Sehun ကိုကြည့်နေတာက သူမသိနေပါတယ်ဆိုတဲ့မျက်လုံးတွေနဲ့။ နောက်ပြီး ပြောနေတဲ့စကားတွေက ဘာကိုဆိုလိုချင်နေတာလဲ? ငယ်နဲ့ Sehun ကို သူမ တစ်မျိုးမြင်နေတာလား?
"နင်နဲ့ နင့်ညီနာမည်ခံ ဟိုအကောင်ပေါက်လေးတို့ မရိုးတာ ငါသိတယ်လို့ "
"ဘာ! "
"အံ့သြမနေပါနဲ့ .. နင်တို့ပုံက ဒီလောက် သိသာနေတာ ငါလိုလူ သိတာ ဘာဆန်းလို့ "
" ငါတို့ အဲ့လိုမဟုတ်ဘူး ဟေမီ! "
"ဖုံးမနေပါနဲ့..Oh Sehun ရယ် အဲ့ကလေးကို နင် ဘယ်လောက်ချစ်တယ်ဆိုတာလေ ဟောဒီ မျက်နှာကြီးမှာ အကုန်ရေးထားတယ် သိရဲ့လား? ဘာဘဲဖြစ်ဖြစ်ပါ..ငါက သဘောတူတယ် ဟီးး အဲ..ငါ အလုပ်ရှိသေးတယ် သွားတော့မယ် ကလေးလေးကို ငါနှူတ်ဆက်တယ်ပြောပေးဦး ပြီးတော့ Sehun ငါ့ကို ကူညိီပေးတာတွေအတွက် တကယ် ကျေးဇူးတင်တယ်နော် "
YOU ARE READING
Best Worst
FanficOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...