Workshop ကို သွားဖို့ အားလုံးအဆင်သင့်ဖြစ်တော့ ညက ပိတ်ထားခဲ့သော ဖုန်းကို ဖွင့်လိုက်သည်။ လင်းလာသောဖုန်းမျက်နှာပြင်တွင် နီရဲနေသော missed call ပေါင်းများစွာက မရေမတွက်နိုင်အောင် ရှိနေလေသည်။ အားလုံးက ငယ့်ဆီမှ။
ထိုအထဲမှ နောက်ဆုံးဝင်ထားသည်က အတွင်းရေးမှူးKim Jun-myeon ၏ ဖုန်းဖြစ်လေသည်။သူကရော ဖုန်းဘာကြောင့်ခေါ်ထားသလဲ Sehun မသိ။ ငယ်နှင့်ပတ်သပ်လေမလားတွေးမိကာ စိတ်ပူသွားတာကြောင့် ဖုန်းနံပါတ်ကိုနှိပ်ရင်း ဖုန်းခေါ်လိုက်တော့ ......
တူ..
တူ..
တူ..
...!
" ဟယ်လို.. ခင်ဗျား..ကျနော့်ဆီ ဖုန်းခေါ် ထား.... "
တစ်ဖက်မှ အပြောကြောင့် Sehun မျက်လုံးပြူးသွားသည်။ အကြောင်းအရာစုံစုံလင်လင်ကို ပြီးသည်ထိ နားမထောင်နိုင်ဘဲ လှေကားထစ်တွေကို ကျော်ကာ ပြေးဆင်းခဲ့ရသည်။
ငယ် သေကြောင်းကြံစည်တယ်တဲ့!
လမ်းထိပ်ထိပြေးလာခဲ့ပြီး တက္ကစီ တစ်စီးကို လမ်းပေါ်ထိတက်ကာ ဝရုန်းသုန်းကား တားလိုက်သည်။ Kim Jun-myeon ပြောသော ငယ်ရှိနေသည့် ဆေးရုံ နာမည်ကို ဗလုန်းပထွေး ရွတ်ရင်း မြန်မြန်မောင်းပေးဖို့ တောင်းဆိုရသည်။
မနေ့ညက ဖြစ်တာတဲ့...
မနေ့ညက ငယ် သူ့ကိုဖုန်းတွေဆက်တိုက်ခေါ်နေပေမယ့် သူ မကိုင်ခဲ့ဘူး။ ဖုန်းခေါ်လို့မရအောင်ဆိုပြီး စက်ပါ ပိတ်ပစ်ခဲ့တာ။ အဖေနဲ့သား ဆက်ဆံရေးပိုပြီးနွေးထွေးလာဖို့ Sehun ကို ကပ်တွယ်နေတဲ့ သံယောဇဉ်ကို ဖြတ်ဖို့ကြိုးစားခဲ့တာ။ဒါပေမယ့် ရလဒ်က မထင်ထားတဲ့အရာဖြစ်လာတယ်။
ငယ်ရာ!! ဘာလို့ ဒီလောက်တောင် မိုက်မဲရတာလဲ? ဘာလို့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တဲ့ထိ လုပ်ရတာလဲ?
ငယ်ရှိသည့် ဆေးရုံအခန်းကို အပြေးအလွှား ရောက်လာခဲ့တော့ အခန်းအပြင်သို့ ထွက်လာသည့် ငယ့်အဖေနှင့် သွားဆုံတော့သည်။
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...