Part-17

2.7K 480 67
                                    

"အယ်​..Sehun ဒီကို ခဏလာထိုင်​ပါဦး "

LuHan ကို ​ကျောင်းက​နေ ကြိုလာတဲ့ကိုကိုက LuHan ရဲ့ ​ကျောပိုးအိတ်​ကို တစ်​ဖက်​က လွယ်​လျက်​ အိမ်​ထဲဝင်​ဝင်​ချင်း လှမ်း​ခေါ်​သော သူမရှိရာဆီ ​လျှောက်​သွားရသည်​။ LuHan သည်​လည်း ကိုကို့​နောက်​မှ လိုက်​လာခဲ့​တော့ ဧည့်​ခန်းတွင်​ ကျူးယွင်​ယွင်​နှင့်​ အ​ဖေရင်းတို့ ထိုင်​​နေတာကိုမြင်​လိုက်​ရ​လေသည်​။

"ယွင်​ယွင်​..မင်း ​သေချာလို့လား? "

အ​ဖေရင်း၏ ​မေးခွန်းက LuHan နှင့်​ ကိုကို့အတွက်​​တော့ အဆက်​အစပ်​မရှိ၍ ဘာကိုဆိုလိုသလဲ နားမလည်​။ ထိုမိန်းက​လေးက အ​ဖေရင်းကို ပြုံး၍ ​ခေါင်းငြိမ့်​ပြလိုက်​ပြီး Sehun ကို ​ပြော​လေ၏။

" အခုဘဲ အ​ဖေနဲ့တိုင်​ပင်​နေတာ
Sehun ကို ကျမရဲ့ Bodyguard အဖြစ်​အလုပ်​​ပေးမလို့ဆိုပြီး​လေ "

"​ဗျာ? Bodyguard?
စိတ်​မရှိပါနဲ့..ဦး​လေး
ကျ​နော်​က အဲ့အလုပ်​ မလုပ်​တတ်​ဘူး "

Sehun က ငြင်းလိုက်​တဲ့အခါ
သူမက သပ်​သပ်​ဆိုဖာခုံမှာ ထိုင်​​နေရင်း​က​နေ Sehun ထိုင်​​နေသည့်​ နှစ်​​ယောက်​ထိုင်​ ဆိုဖာခုံကြီးဆီ ဖြတ်​ခနဲ ​ရွေ့လာ​လေ၏။ ထို့​နောက်​ Sehun ၏ လက်​​မောင်းတစ်​ဖက်​ကို ပွတ်​သပ်​လိုက်​ရင်း

"Sehun ကလည်း ဘာမှမခက်​ဘူး​လေ
ဒီတိုင်း တရုတ်​ပြည်​ပြန်​​ရောက်​တဲ့အခါ ကျမ သွားတဲ့​နေရာတိုင်း လိုက်​ခဲ့​ပေးရုံဘဲကို "

"တရုတ်​ပြည်​? "

"ဟုတ်​တယ်​​လေ..ကျမတို့ သိပ်​မကြာခင်​ အိမ်​ပြန်​ကြမှာ..Sehun သာ လက်​ခံရင်​ ​ပေကျင်း​ကို လိုက်​ခဲ့ရမှာ​ပေါ့ .. အဲ့​တော့ Sehun လက်​ခံတယ်​မလား? "

လက်​​မောင်းကိုနှစ်​ချက်​​လောက်​ဆွဲလှုပ်​ရင်း​တောင်းဆို​နေတဲ့ သူမရဲ့ လက်​​တွေကို Sehun က မသိမသာဖယ်​ချလိုက်​သည်​။ အလုပ်​ကို ငြင်း​ချင်​​ပေမယ့်​ ​ရှေ့တည့်​တည့်​တွင်​ ထိုင်​​နေ​သော အိမ်​ကြီးရှင်​ ငယ့်​အ​ဖေကိုလည်း အားနာသည်​။ ​နောက်​ပြီး သူတို့ ​ပေကျင်းကို ပြန်​ကြတဲ့အခါ ငယ်​နဲ့အတူ Sehun က လိုက်​သွားရဦးမည်​ဆို​တော့ အလုပ်​တစ်​ခုနှင့်​ လိုက်​​နေတာက သာ ​ကောင်းလိမ့်​မည်​။ ဒီအတိုင်း​တော့ သူများအိမ်​၊သူများနိုင်ငံအ​ထိ အ​ချောင်​စားနှင့်​ လိုက်​မသွားချင်​။

Best Worst Where stories live. Discover now