ညီငယ်လေးအား ကျောင်းကကြိုပေးပြီး အိမ်ကိုပို့ကာ Sehun က Workshop ကို ပြန်ထွက်လာခဲ့သည်။ယနေ့ အလုပ်နည်းနည်းများ၍ အိမ်ပြန်နောက်ကျမည်ဖြစ်တာကြောင့် ညစာကြို စားထားဖို့နဲ့ သူပြန်လာသည်ထိ ထိုင်စောင့်မနေဖို့ လည်းမှာခဲ့ရသည်။
ညနေ Workshop မှ အလုပ်သိမ်းချိန်ကိုရောက်တော့ တစ်ခွက်လောက်သွားသောက်ကြဖို့ခေါ်သော လုပ်ဖော်ကိုင်ဖက်ဦးလေးကြီးကို ငြင်းကာ ဖုန်းထဲကို ကြိုရောက်နေနှင့်ပြီဖြစ်တဲ့ လိပ်စာတစ်ခုဆီထွက်လာခဲ့လိုက်သည်။
လိပ်စာအရ ထိုအဆောက်အဦးသည် မြို့လည်မှာဘဲတည်ရှိ၏။သို့သော်လည်း သိပ်ပြီးဝံ့ဝံ့ကြွားကြွားတော့မဟုတ်။တရုတ်ရိုးရာ စားသောက်ဆိုင်အပြင်အဆင်ရှိသော ဆိုင်၏ ဘေးဘက် လှေကားမှ ဆင်းလာတော့ မြေအောက်ထပ်က မီးရောင်စုံကလပ်တစ်ခုကိုရောက်လာခဲ့သည်။
သီချင်းသံက ဆူညံနေပြီး နီဝါပြာသော မီးရောင်များက တစ်လှည့်စီပြောင်းသွားနေသည်။ မှောင်မည်းသည်လည်း မဟုတ် လင်းလင်းထင်းထင်းလည်း မရှိလှသော အတွင်းပိုင်းကို လှမ်းကြည့်ရင်း Sehun မှာ ဝင်ရ မဝင်ရ တွန့်ဆုတ်နေသည်။
တိုတိုကပ်ကပ် ပြောင်ပြောင်လက်လက် ဂါဝန်ကိုယ်ကြပ်များဝတ်ဆင်ထားသည့် မိန်းကလေးငယ်ငယ်များကတော့ တစ်ယောက်ပြီးတစ်ယောက်က ဝင်လာလိုက်၊ ထွက်သွားလိုက်ဖြင့်။
လှေကားအဆင်း အဝတည့်တည့်တွင် ရပ်ကာစူးစမ်းနေသော သူ့ကို တစ်ချို့က အူကြောင်ကြားလေးဆိုသည့်မျက်နှာပေးများဖြင့် ကြည့်သွားကြသလို တစ်ချို့ကျ ညုတုတုညှို့ကာကြည့်သွားကြသည်။
ဒီလိုနေရာမျိုးကို Sehun ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။Sehunလို ဝမ်းရေးအတွက် ရုန်းပမ်းနေရသော သူအတွက် အပန်းဖြေဖို့လည်း မလာအားသလို ၊လာလည်းမလာနိုင်သော နေရာ။ထိုမျှမက ကိုယ်တိုင်လည်း မလာချင်သောနေရာ။ သို့သော် ယခုကတော့ ပယောဂတစ်ခုကြောင့် ရောက်လာရခြင်းပင်။
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...