ကားစတီယာရင်ကို လက်တစ်ဖက်နဲ့ထိန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်က တစ်ဖက်ခုံပေါ်တင်ထားသည့် အိတ်ထဲမှ ကတ္ထီပါဘူးပြားနီလေးကို ထုတ်ယူလိုက်သည်။မီးပွိုင့်နီမိတာနှင့် အတော်ဖြစ်ကာ ဘူးကလေးကိုဖွင့်ကြည့်လိုက်တော့ အထဲမှာရှိနေသည်က "H"ဆိုသော ဆွဲသီးသေးသေးလေးပါသည့် ပလက်တီနမ်ဆွဲကြိုးမျှင်လေးတစ်ကုံး။
ယခင် ဆင်းဆင်းရဲရဲနေခဲ့ရသည့်အချိန်က Sehun ငယ့်ကို လက်စွပ်ကလေးတစ်ကွင်းပေးဖူးသည်။ ကလေးက အခုထိ အဲ့ဒီတန်ဖိုးနည်း ခပ်ညံ့ညံ့လက်စွပ်ကလေးကို အမြဲဝတ်ထားဆဲ ။ အခုတစ်ခါ ကလေးငယ်ကို ချော့ဖို့ Sehun ကို ငယ့်အဖေအတင်းကျေးဇူးဆပ်သည်ဆိုကာ ပေးသွားသောပိုက်ဆံနှင့် အရည်အသွေးကောင်းသည့် ဤဆွဲကြိုးလေးကို ဝယ်ဖြစ်ခဲ့သည်။
တခြားအရာတွေထက် ငယ့်ကိုယ်မှာမြဲနေမည့် သူ့ လက်ဆောင်ကလေးတစ်ခုပေါ့ ။ဟေမီအကြုံပြုတာလည်းပါသည်။ ဆိုင်ထဲမှာ ပစ္စည်းရွေးစဉ်က သူမ အကြိုက်တွေ့ပြီး အကြည့်မခွာနိုင်ဖြစ်နေတဲ့ ဆွဲကြိုးလေးတစ်ကုံးလည်း Sehun သတိထားမိခဲ့သည်။ ဇွတ်အတင်းငြင်းနေသော သူမကို Sehun ကဘဲ ဝယ်ပေးကာ မယူဘူးလုပ်နေတာကြောင့် ကိုယ်တိုင်တစ်ခါတည်း ဝတ်ပေးခဲ့လိုက်သည်။
ဒါက သူမရဲ့ကျေးဇူးတွေထဲက အနည်းငယ်မျှသာ Sehun ပြန်ဆပ်ခြင်းဖြစ်သေးသည်။ ယခင်က ငယ် Sehun နှင့်ရှိနေစဉ် ဆေးရုံတက်တုန်း ကုန်ကျစရိတ်တစ်ချို့ သူမဆီက Sehun ချေးခဲ့ရဖူးသည်။ ထိုမျှမကသေး။ ငယ့်ကို ခေါ်ယူစောင့်ရှောက်ခွင့်ရဖို့ရာ တရားရုံးတက် ငယ့်အဖေနှင့်ယှဉ်တိုက်ခဲ့စဉ်က ကုန်ကျစရိတ်တချို့သည်လည်း သူမရဲ့ အကူအညီပါ၏။
သိပ်ခက်ခဲခဲ့တဲ့အချိန်တွေက ရခဲ့သည့် အကူအညီတွေဖြစ်တာကြောင့် Sehun အခုချိန် ဆတူပြန်ဆပ်ရင်တောင် စိတ်ထဲ လုံလောက်ဦးမည်မထင်ပါ။
"H"ဆိုသော စာလုံးလေးကိုပွတ်သပ်ရင်း Sehun ပြုံးမိသည်။ ဖြစ်နိုင်ရင် ငယ့်နာမည်စာလုံးလေးလိုချင်တာပေမယ့် ကြိုတင်မှာယူထားခြင်းမရှိတာမို့ မရနိုင်။ အိမ်မှာ စိတ်ဆိုးနေသော ကလေးငယ်ကို ဒီနေ့ ချော့မှဖြစ်မှာမို့လည်း ရှိတဲ့ စာလုံးလေး "H" ကိုသာ ရွေးယူခဲ့ရသည်။
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...